အသက်တစ်ထောင်ကျော်အထိရှင်သန်နိုင်တဲ့ ဖန်ရေမြုပ်ကောင်များ
mmload.com
|
2024-06-06

 Glass Sponge လို့ခေါ်တဲ့ဖန်ရေမြုပ်ကောင်တွေဟာ ကမ္ဘာပေါ်က သတ္တဝါတွေထဲမှာ အကြာဆုံးရှင်သန်နိုင်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာနေထိုင်ကြတဲ့ ဒီအကောင်လေးတွေဟာ ဖန်နှင့်တူတဲ့ဖွဲ့စည်းတည်ဆောက်ပုံရှိပြီးတော့ နာမည်အကြီးဆုံးမျိုးစိတ်ကတော့ ဗီးနပ်စ်ပန်းအိမ်လို့ခေါ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒီရေမြုပ်ကောင်တွေဟာ အပင်တွေနှင့်မကြာခဏမှားတတ်ကြတဲ့အကောင်တွေဖြစ်ပါတယ်။


အစောပိုင်းတုန်းက ဒီရေမြုပ်ကောင်တွေရဲ့အရိုးစုအကြွင်းအကျန်တွေကိုပဲတွေ့ရတာကြောင့် သိပ္ပံပညာရှင်တွေဟာ မျိုးသုဥ်းပျောက်ကွယ်သွားပြီလို့ယူဆထားကြတာပါ။ ဒါပေမဲ့ ဖန်ရေမြုပ်ကျောက်တန်းအသစ်ကို ၁၉၈၇ မှာကိုလံဘီယာကမ်းရိုးတန်းတစ်နေရာမှာထပ်ပြီးပြန်တွေ့ခဲ့ပါတယ်။ ဒီကျောက်တန်းတွေဟာ နှစ်ပေါင်းကိုးထောင်သက်တမ်းရှိနေပြီးတော့ ကမ္ဘာပေါ်ကတစ်ခုတည်းသော ဖန်ရေမြှပ်ကောင်ကျောက်တန်းလည်းဖြစ်ပါတယ်။ 


ဒီရေမြုပ်ကောင်တွေဟာ ပင်လယ်အောက်ကရေမျှော့ကောင်တွေနှင့်တစ်ခြားအကောင်ငယ်လေးတွေကိုစားသုံးတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့အိမ်လိုဖြစ်နေတဲ့ အတွင်းပိုင်းမှာတစ်ခြားရေနေသတ္တဝါတွေကိုပိတ်ထားပြီးတော့ သူ့ရဲ့သန့်ရှင်းရေးနှင့်မျိုးဆက်ပြန့်ပွားမှုကိုလုပ်ဆောင်စေပါတယ်။ အပြန်အလှန်အနေနင့် အဲ့ဒီ့အကောင်တွေဟာ သူကရန်သူတွေဆီကနေစောင့်ရှောက်ထားပြီးတော့ ပင်လယ်ရေအောက်ကြမ်းပြင်ရဲ့ဂေဟစနစ်ကိုထိန်းသိမ်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရေမြုပ်တွေဟာပင်လယ်ပြင်ရဲ့အညစ်အကြေးတွေကိုလည်းစားသုံးပေးပြီးတော့ အသက်သေသွားရင်တောင်မှ အရိုးစုတွေကျန်နေခဲ့တတ်တဲ့အကောင်တွေဖြစ်ပါတယ်။


#သိပ္ပံ
#ဘီယာ
#ဒီရေ
#အရိုးစု
#သတ္တဝါ

Some text some message..