
မြွေမျိုးစိတ်တွေအများကြီးရှိတဲ့ထဲမှာ Blue Eyed Leucistic King Cobra လို့ခေါ်တဲ့ဒီမြွေမျိုးစိတ်ကတော့ တစ်ကမ္ဘာလုံးမှာမှတစ်ကောင်ပဲရှိတော့တာဖြစ်ပါတယ်။ သာမာန်မြွေဟောက်မျိုးစိတ်ဖြစ်ပေမဲ့ Leucistic ကြောင့်တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ဒီမြွေမလေးဟာ တစ်ကမ္ဘာလုံးမှာမှတစ်ကောင်ပဲရှိတဲ့အကောင်လေးဖြစ်ပါတယ်။

တစ်ခြားမြွေဖြူတွေလည်းရှိပေမဲ့ ဒီအကောင်လိုမျိုးမျက်လုံးကအပြာရောင်ဖြစ်နေပြီး တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတာမျိုးတော့ မရှိပါဘူး။ ဒီမြွေကို ၂၀၁၉ ခုနှစ်တုန်းက ရှာတွေ့ခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ New England Reptile ( NERD) အဖွဲ့ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြွေအလှမျိုးစိတ်တွေကိုရောင်းဝယ်ဖောက်ကားနေတဲ့ အဖွဲ့ဖြစ်ပြီးတော့ ဒီမြွေဖြူလေးကိုတော့ တန်ကြေးပေးပြီးရောင်းချတာမျိုးမလုပ်နိုင်ဘူးလို့ကြေညာထားတာဖြစ်ပါတယ်။

Leucistic ကြောင့် တစ်ကိုယ်လုံးဖြူဖွေးနေတဲ့မြွေမျိုးစိတ်အများစုဟာ ရုပ်ပိုင်းဆိုင်ရာအားနည်းပြီးအသက်တိုတတ်ကြပါတယ်။ ပုံမှန်မဟုတ်တဲ့မျိုးရိုးဗီဇကြောင့်ကျန်းမာရေးလည်းမကောင်းတတ်ကြပါဘူး။ ဒီမြွေမလေးကိုတော့ အသက်မသေခင်မှာတစ်ခြားမြွေတွေနှင့်သားဖောက်ပြီးတော့ အရောင်အဆင်းလှတဲ့မြွေတွေရအောင်ကြိုးစားနေကြပါတယ်။ အခုချိန်ထိတော့ ဒီလုပ်ငန်းစဥ်ဟာအောင်မြင်ခြင်းမရှိသေးပါဘူး။