မျိုးသုဥ်းပျောက်ကွယ်ဖို့စိုးရိမ်နေရတဲ့ သင်းခွေချပ်ကောင်လေးတွေရဲ့အကြောင်း
mmload.com
|
2024-06-12

သင်းခွေချပ်အကောင်လေးဟာ လူတော်တော်များများရင်းနှီးတဲ့အကောင်လေးတွေဖြစ်ပါတယ်။ Pangolin လို့ခေါ်တဲ့ဒီအကောင်လေးတွေဟာ အမှန်တော့ ဘောလုံးလေးလိုမျိုးလိပ်သွားတာကြောင့် မလေးစကားနှင့် Roller လို့အဓိပ္ပါယ်ရတဲ့ဒီနာမည်ကိုပေးထားတာဖြစ်ပါတယ်။ သင်းခွေချပ်တွေအနေနှင့် ဒီလိုလိပ်သွားခြင်းဟာ သူတို့ကိုယ်သူတို့ကာကွယ်ခုခံတဲ့အပြုအမူဖြစ်ပါတယ်။


သင်းခွေချပ်တွေဟာ လူတွေထင်ထားသလိုမျိုးမဟုတ်ဘဲ လူတွေဘေးနားက ကြောင်နှင့်ခွေးလိုမျိုးအကောင်လေးတွေနှင့် ပိုနီးစပ်တဲ့ မျိုးရိုးဗီဇရှိကြပါတယ်။ မွေးဖွားခါစအကောင်ပေါက်လေးတွေဟာ မိခင်ဖြစ်သူရဲ့သန်မာတဲ့အမြီးတွေမှာထိုင်နေပြီးတော့ အကာအကွယ်ရှာတတ်ကြပါတယ်။ သူတို့ဟာ အင်းဆက်တွေအများကြီးမဖြစ်အောင် သဘာဝအလျောက်အင်းဆက်စားသုံးသူအနေနှင့် Ecosystem ကိုကာကွယ်ကြတဲ့သူတွေဖြစ်ပါတယ်။


သင်းခွေချပ်အကောင်ပေါက်တစ်ကောင်ဟာ တစ်နှစ်ကိုအင်းဆက်အကောင်ပေါင်း ၇၀ မီလီယံကျော်စားသုံးတာဖြစ်ပါတယ်။ သေးမွှားတဲ့အင်းဆက်တွေကိုကောင်းကောင်းစားနိုင်ဖို့ သူတို့ရဲ့လျှာတွေဟာလည်း အတော်လေးရှည်လျားပြီးစေးကပ်ပါတယ်။ လျှာအရှည်ဟာ ၂၈ လက်မအထိတောင်ရှည်နိုင်တာဖြစ်ပါတယ်။ ဒီအကောင်လေးတွေဟာ သစ်ပင်ပေါ်မှာနေထိုင်ကြတာမျိုးရှိသလို ကျင်းတူးပြီးတော့မြေအောက်မှာနေကြတာလည်းရှိပါတယ်။ ဒါ့အပြင် သင်းခွေချပ်မျိုးစိတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ မီလီယံကတည်းက ကမ္ဘာပေါ်မှာရှင်သန်လာခဲ့တာဖြစ်ပါတယ်။


#သဘာဝ
#ကောင်လေး
#ဗီဇ
#သင်းခွေချပ်
#အင်းဆက်

Some text some message..