လူတွေသိပ်မသိကြသေးတဲ့ အိုးပုတ်ပွဲတော်ရဲ့ အိုးပုတ်ခိုးတဲ့ဓလေ့
mmload.com
|
2024-06-14

အိုးပုတ်ပွဲတော်လို့အလွယ်ခေါ်ကြတဲ့ ဒီပွဲဟာတစ်ခြားဈေးရောင်းပွဲတော်တွေလိုမျိုးအမြတ်အစွန်းအတွက်အဓိကထားတာမျိုးမဟုတ်ဘဲ ရိုးရာဓလေ့တစ်ခုအနေနှင့်ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ နှစ်တိုင်းဝါခေါင်လဆန်း ၈ ရက်နေ့ မှာ မန္တလေးတောင်ခြေက အောင်မြေသာစံမြို့နယ်မှာကျင်းပကြတာဖြစ်ပါတယ်။ 


သမိုင်းမှတ်တမ်းတွေအရဆို တောင်ပြုန်းပွဲကိုဈေးရောင်းဖို့လာတဲ့အိုးကုန်သည်တွေဟာ ဒီအရပ်မှာခရီးတစ်ထောက်နားရင်း ဈေးရောင်းတာကနေ အခုလိုအိုးပုတ်ပွဲတော်ဖြစ်လာတယ်လို့ဆိုပါတယ်။ အိုးပုတ်ပွဲတော်မှာ ထူးခြားချက်ရှိတာက ပွဲတော်ကိုလာရောက်တဲ့မိန်းမပျိုလေးတွေဟာ သစ်ရွက်နှင့်ပန်းတွေပါဝင်တဲ့သရဖူလေးတွေကိုပန်ဆင်ပြီးပွဲခင်းအတွင်းလှည့်လည်သွားလာကြတာဖြစ်ပါတယ်။ ဒါ့အပြင် အိုးပုတ်ရောင်းချသူတွေဟာ မတန်မဆဈေးတင်ထားခြင်းမရှိဘဲ သက်သာတဲ့နှုန်းထားတစ်ခုနှင့်ရောင်းချကြပါတယ်။


အိုးပုတ်ခိုးတဲ့ဓလေ့ကလည်း အိုးပုတ်ပွဲတော်ရဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။ ပွဲခင်းအတွင်းခင်းကျင်းထားတဲ့ အိုးပုတ်တွေကိုခိုးယူပြီးတော့ ပိုင်ရှင်ကတွေ့မိရင်ပြန်တောင်းလို့ရတဲ့ဓလေ့ရှိပါတယ်။ တစ်ကယ်ခိုးတာမျိုးမဟုတ်ဘဲ ဈေးသည်နှင့်ဈေးဝယ်ကြားအပြန်အလှန်စနောက်ကျီစယ်ကြတဲ့သဘောမျိုးဖြစ်ပါတယ်။ တစ်ချို့သဘောကောင်းတဲ့ ဆိုင်ရှင်တွေအနေနှင့်ဆိုရင် အိုးပုတ်ခိုးတဲ့သူကိုလက်ဆောင်ပေးကြတာမျိုးတောင်လုပ်လေ့ရှိကြပါတယ်။ 


#အရပ်
#မှတ်တမ်း
#ရိုးရာဓလေ့
#အမှတ်အသား
#ပိုင်ရှင်

Some text some message..