ရေအောက်ကမ္ဘာရဲ့ရောင်စုံအလှတရားများ
mmload.com
|
2024-06-22

(၁)Christmas Tree Worm 

ဒီအကောင်လေးတွေဟာဆိုရင် သေးငယ်တဲ့ရေအောက်သတ္တဝါလေးတွေဖြစ်ပြီး ခရစ္စပတ်သစ်ပင်ပုံစံကိုယ်ထည်ကို ပိုင်ဆိုင်ထားပါတယ်။ အပူပိုင်းပင်လယ်ပြင်ရဲ့သန္တာကျောက်တန်းတွေမှာ အနေများပြီး အနီ၊ အဖြူ၊ အပြာအစရှိတဲ့ရောင်စုံရှိတတ်တဲ့အကောင်လေးတွေပါ။ သူတို့ရဲ့ကိုယ်ထည်မှာပါတဲ့ အမွှေးနုလေးတွေကို သားကောင်ဖမ်းဖို့အတွက်အသုံးပြုကြပြီး ကိုယ်ထည်မှာဆိုရင်မတူညီတဲ့အရောင်နှစ်ရောင်ပေါင်းစပ်ပြီး ရှိနေတတ်ပါတယ်။


(၂)Flower Hat Jelly

ဒီဂျယ်လီကောင်လေးတွေဟာဆိုရင် ဦးထုပ်ပေါ်မှာပန်းပွင့်လေးတွေတင်ထားတဲ့ ပုံစံရှိကြပါတယ်။ အရောင်မျိူးစုံပြောင်းနိုင်ကြပြီး သားကောင်ဖြစ်တဲ့ငါးအသေးလေးတွေကိုဖမ်းဖို့ သူတို့ရဲ့အမျှင်လေးတွေကို အသုံးပြုကြပါတယ်။ အဲ့ဒီအမျှင်လေးတွေကို တိုက်ခိုက်တဲ့နေရာမှာလည်း လက်နက်တစ်ခုအဖြစ်အသုံးချပါတယ်။ လူတွေအတွက် အန္တရာယ်မရှိပေမဲ့ နာကျင်မှုဒဏ်ကတော့ပြင်းထန်ပါတယ်။


(၃) Regal Angel Fish

အကွက်မျိူးစုံ အရောင်မျိူးစုံနှင့် လှပနေတဲ့ ဒီငါးလေးတွေဟာ အလယ်အလတ်ဆိုဒ်ရှိပြီးတော့ အပူပိုင်းအင်ဒို-ပစိဖိတ်သမုဒ္ဒရာတွေမှာတွေ့ရပါတယ်။ တစ်ကိုယ်လုံး အပြာရောင် လိမ္မော်ရောင်မျဥ်းတွေနှင့် အလှဆင်ထားတဲ့အပြင် ရေယက်တွေမှာပါ ရောင်စုံအကွက်တွေနှင့်တောက်ပစွာ လှနေပါတယ်။ ပင်လယ်ရေညှိနှင့် ကျုနီကိတ်ကောင်လေးတွေကို အဓိကစားသုံးပါတယ်။



#သမုဒ္ဒရာ
#သားကောင်
#သန္တာကျောက်
#အပူပိုင်း
#ပင်လယ်

Some text some message..