
အရှေ့တောင်အာရှမှာပဲတွေ့မြင်နိုင်တဲ့ ဒီ ဂျာဗန်ကြံ့ကြီးတွေဟာ လတ်တလောမှာပြင်းပြင်းထန်ထန်မျိုးသုဥ်းသွားဖို့အလားအလာရှိနေတဲ့အကောင်တွေဖြစ်ပါတယ်။ သဘာဝထဲမှာလုံးဝမရှိတော့ဘူးလို့ယူဆနိုင်တဲ့ဒီအကောင်ကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းပေါ်မှာအဓိကနေထိုင်ကြတဲ့မျိုးစိတ်တွေဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း ၇၅ မျိုးကျော်ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ အကုန်ပျောက်ကွယ်သွားပြီးတော့ အကောင်ရေအနည်းငယ်ပဲကျန်ခဲ့တော့တာဖြစ်ပါတယ်။

ဒီလိုအကောင်ရေနည်းပါးလာရတဲ့အကြောင်းရင်းကတော့ ကြံ့တွေဟာ အရှေ့တောင်အာရှမှာဆိုရင် ဆေးဖက်ဝင်တယ်ဆိုပြီးလူသိများတာကြောင့်ဖြစ်ပါတယ်။ ကြံ့ချိုတွေဟာ တရုတ်တိုင်းရင်းဆေးပညာမှာ အရေးကြီးတဲ့ပါဝင်ပစ္စည်းဖြစ်တာကြောင့် အကောင်တွေကိုသတ်ဖြတ်မှုမြင့်မားပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်မထိန်းသိမ်းခြင်းကလည်း ကြံ့တွေရဲ့နေရာဒေသကိုကျဥ်းမြောင်းလာစေပါတယ်။

လက်ရှိအချိန်မှာ ဂျာဗန်ကြံ့တွေဟာ Ujung Kulon အမျိုးသားဥယျာဥ်မှာပဲရှိတော့တာဖြစ်ပါတယ်။ ဒီအမျိုးသားဥယျာဥ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့လက်ကျန်ဂျာဗန်ကြံ့တွေကိုထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ ဥယျာဥ်ကိုယ်တိုင်ကလည်း သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီးတော့ အစာရေစာရှားပါးမှု မိတ်လိုက်ဖို့ခက်ခဲလာမှုတွေရှိနေပါတယ်။ ဒါ့အပြင်မွေးဖွားလာတဲ့ကြံ့ငယ်လေးတွေကလည်း ရောဂါနှင့်မျိုးပွားပြဿနာတွေကြောင့် သေကြေပျက်စီးမှုတွေဖြစ်နေပါတယ်။