ဝေလငါးတွေလိုမျိုး အကျင့်စရိုက်ရှိကြတဲ့ Whale Shark များ
mmload.com
|
2024-06-26

Whale Shark လို့ခေါ်တဲ့ ငါးမန်းမျိုးစိတ်တွေဟာ တစ်ခြားငါးမန်းတွေနှင့်မတူဘဲ ဝေလငါးလိုမျိုးအကျင့်စရိုက်တွေရှိကြပါတယ်။ ချစ်စရာကောင်းပြီးတော့ တစ်ခြားငါးမန်းတွေထက်စာရင်အများကြီးဖော်ရွေတဲ့ဒီငါးမန်းတွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံးသောရေနေသတ္တဝါတွေလည်းဖြစ်ပါတယ်။ သူတို့ဟာ ၂၀မီတာလောက်ရှည်လျားပြီးတော့ တန် ၂၀ အထိအလေးချိန်ရှိတတ်ကြပါတယ်။


ဒီငါးမန်းတွေဟာ အစားအစာတွေကိုသွားနှင့်ကိုက်ဖြတ်တာမျိုးမလုပ်ဘဲ စစ်ထုတ်တဲ့နည်းလမ်းနှင့်ပဲစားတတ်ကြပါတယ်။ သူတို့ရဲ့သွားတွေဟာ သေးငယ်လွန်းတာကြောင့် အသေးစားပုစွန်နှင့် ငါးလိုမျိုးအကောင်တွေကိုပဲစားနိုင်ကြပါတယ်။ အကောင်ကြီးတွေကိုတော့ ကြီးမားတဲ့ပါးစပ်တွေကိုသုံးပြီးစုပ်ထုတ်ခြင်းနည်းလမ်းနှင့်ပဲစားသောက်ကြပါတယ်။ ဒါ့အပြင်ဒီငါးမန်းတွေဟာအရွယ်ရောက်ကောင်တစ်ကောင်ဖြစ်လာဖို့နှစ်ပေါင်းများစွာရှင်သန်ရုန်းကန်ရပါတယ်။ 


မျိုးစိတ်ရဲ့ဆယ်ရာခိုင်နှုန်းလောက်ကပဲ အရွယ်ရောက်နိုင်ပြီးတော့ အရွယ်ရောက်သွားတဲ့ငါးမန်းတွေဟာလည်း နှစ်ပေါင်း ၁၅၀ အထိရှင်သန်နိုင်ကြပါတယ်။ တစ်ခြားရေနေသတ္တဝါတွေနှင့်မတူဘဲ ဒီငါးမန်းတွေဟာအတော်လေးရေကူးနှေးတဲ့ကောင်တွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ လူသားတွေရဲ့စွန့်ပစ်ပစ္စည်းနှင့်တစ်ခြားပြောင်းလဲမှုတွေကြောင့် Whale Sharks တွေဟာလည်း မျိုးသုဥ်းဖို့အန္တာရာယ်ကိုစိတ်ပူနေရပြီဖြစ်ပါတယ်။


#စရိုက်
#Whale
#ငါးမန်း
#သတ္တဝါ
#မျိုးစိတ်

Some text some message..