ထူးခြားတဲ့မျိုးစပ်မှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အနက်ရောင်ဒေလီယာပန်းပွင့်
mmload.com
|
2024-06-27

ဒေလီယာပန်းဟာ ပန်းတွေထဲမှာအတော်လေးမျိုးစိတ်များပြီးတော့ သူ့ရဲ့လှပတဲ့အသွင်အပြင်ကြောင့်နာမည်ကြီးပါတယ်။ အနက်ရောင်ဒေလီယာလို့ခေါ်နေကြတဲ့ ဒေလီယာဟာအမှန်တော့လုံးလုံးအနက်ရောင်ဖြစ်နေတာမဟုတ်ပါဘူး။ အနီရင့်ရောင်နှင့် ကြက်သွေးရောင်ဖြစ်ပြီးတစ်ချို့ပတ်ဝန်းကျင်နှင့်အခြေအနေတွေမှာ အနက်ရောင်အဖြစ်မြင်တွေ့ရတာပါ။ ဒီပန်းအရောင်ဟာ နဂိုပန်းအရောင်မဟုတ်ဘဲမတူညီတဲ့အရောင်တွေရောစပ်မျိုးစပ်ရာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။


နွေရာသီနှင့်ဆောင်းဦးမှာပွင့်လေ့ရှိတဲ့ဒီပန်းဟာ ရာသီအလိုက်ပွင့်တဲ့ပန်းအမျိုးအစားဖြစ်ပြီးတော့ ထူးခြားတဲ့အရောင်အဆင်းကြောင့်လူကြိုက်များပါတယ်။ ဒါ့အပြင် ဒီပန်းပွင့်တွေဟာ နေရာဒေသနှင့်ပတ်ဝန်းကျင်ကတစ်ခြားဒေလီယာပန်းတွေကိုလိုက်ပြီးတော့ အရွယ်အစားနှင့် ပုံစံကွာခြားတာတွေရှိနိုင်ပါတယ်။ တစ်ချို့ဒေသတွေမှာ လုံးဝိုင်းတဲ့ပုံစံရှိပေမဲ့ တစ်ချို့နေရာမှာတော့ ချွန်နေတဲ့ပွင့်ဖတ်တွေရှိတတ်ပါတယ်။


သူတို့ဟာတစ်ခြားရာသီပန်းတွေလိုပဲ နေရောင်ခြည်ကိုလုံးဝသဘောကျတဲ့ပန်းတွေဖြစ်ပြီးတော့ နေရောင်ခြည်အပြည့်အဝရတဲ့နေရာမှာပဲပွင့်လန်းတတ်ကြပါတယ်။ ဒါ့အပြင်စိုစွတ်ပြီးတော့ ရေမဝပ်တဲ့နေရာတွေမှာပဲကောင်းကောင်းရှင်သန်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ သေချာဂရုစိုက်ပေးမယ်ဆိုရင် အိမ်သုံးပန်းအိုးတွေထဲမှာတောင်မှ ရှင်သန်ပွင့်လန်းနိုင်တဲ့ပန်းပွင့်လေးတွေဖြစ်ပါတယ်။ 


#အရောင်အဆင်း
#အနက်ရောင်
#အရွယ်အစား
#အမျိုးအစား
#ဒေလီယာ

Some text some message..