အရှက်ကြီးလွန်းတဲ့ pygmy အပြာရောင်လျှာ အိမ်မြှောင်မျိုးစိတ်တစ်မျိုး
mmload.com
|
2024-07-17

အိမ်မြှောင်မျိုးစိတ်အများစုဟာ လှုပ်ရှားသွားလာရတာကိုသဘောကျပြီးတော့ အစာကိုအမဲလိုက်ပြီးစားကြလေ့ရှိပါတယ်။ ဒါ့အပြင် အငြိမ်နေနေတာရှားပါးပြီးတော့ ရန်သူတွေကိုတွေ့ရင် လျင်လျင်မြန်မြန်နှင့်ထွက်ပြေးပြီးတော့ တက်ကြွနေတတ်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေဖြစ်ပါတယ်။ 


ဒါပေမဲ့ pygmy blue tongue skink  လို့ခေါ်တဲ့ အိမ်မြှောင်မျိုးစိတ်တစ်ခုကတော့ အတော်လေးကိုအရှက်အကြောက်ကြီးပြီးတော့ သူ့ကိုယ်ပိုင်တွင်းကနေထွက်လာခဲတဲ့အကောင်ဖြစ်ပါတယ်။ သူတို့ဟာကိုယ်ပိုင်တွင်းတွေကိုလည်းတူးလေ့မရှိဘဲ တစ်ခြားအကောင်တွေရဲ့တွင်းအဟောင်းတွေမှာပဲ နေကြလေ့ရှိပါတယ်။ 


ဒါ့အပြင်သူတို့ဟာအရှက်အကြောက်ကြီးလွန်းတာကြောင့် တွင်းထဲကနေအပြင်ကိုသိပ်ပြီးထွက်လေ့မရှိကြပါဘူး။ တစ်ခြားအကောင်တွေမမြင်အောင်အမြဲပုန်းခိုနေကြပြီးတော့ အစာကိုလည်းတွင်းအပြင်ထွက်ပြီးရှာတာမျိုးမလုပ်ကြပါဘူး။ သူတို့ဟာတွင်းအဝမှာထိုင်နေပြီး ပါးစပ်ဖွင့်ပြီးတော့အလိုလိုပါးစပ်ထဲရောက်လာတဲ့အကောင်တွေကိုပဲစားသုံးကြလေ့ရှိပါတယ်။ 


#အပြာရောင်
#တိရိစ္ဆာန်
#အိမ်မြှောင်
#အရှက်
#မျိုးစိတ်

Some text some message..