ရေတံခွန်အတွင်းက ထူးခြားတဲ့မီးတောက်ရှိနေတဲ့ Eternal Flame Falls
mmload.com
|
2024-07-24

နယူးယောက်မြို့ Chestnut Ridge ပန်းခြံမှာရှိနေတဲ့ရေတံခွန်တစ်ခုဟာ သူ့ရဲ့ထူးခြားတဲ့မီးတောက်ကြောင့်နာမည်ကြီးပါတယ်။ ထာဝရမီးတောက်ရေတံခွန်ဆိုတဲ့နာမည်ကိုပိုင်ဆိုင်ထားတဲ့ ဒီရေတံခွန်ဟာရေတံခွန်နောက်ဖက်ဂူထဲမှာ မငြိမ်းသွားတဲ့မီးတောက်တစ်ခုကိုပိုင်ဆိုင်ထားတာကြောင့်အခုလိုမျိုးနာမည်ကိုရလာတာဖြစ်ပါတယ်။


မီးတောက်ဟာရေတွေတောက်လျှောက်ကျဆင်းနေတဲ့ ရေတံခွန်နောက်ဖက်က ဂူထဲကနေပေါ်ထွက်လာတာဖြစ်ပါတယ်။ ရေတံခွန်ရဲ့ရေတွေကြောင့်လည်းငြိမ်းသွားတာမျိုးမရှိဘဲတောက်လျှောက်မီးတောက်နေတာကြောင့်အခုလိုမျိုးထူးခြားတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြတာပါ။ 


အမှန်တော့ဒီမီးတောက်ဟာ ရေတံခွန်နောက်ဖက်ကဂူထဲက ဓာတ်ငွေတွေနှင့် အောက်ဆီဂျင်ရဲ့ပေါင်းစပ်မှုတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အထူးသဖြင့် မီသိန်းဓာတ်ငွေ့ဟာ အခုလိုမျိုးမီးတောက်ဖြစ်လာစေဖို့လွယ်ကူပါတယ်။ ဒါပေမဲ့ အဆက်မပြတ်စီးဆင်းနေတဲ့ရေတံခွန်နောက်ဖက်မှာ အခုလိုမျိုးတောက်လျှောက်မငြိမ်းသွားဘဲတောက်လောင်နေတယ်ဆိုတာကတော့ အံ့ဩစရာကောင်းတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ 


#နယူးယောက်
#အောက်ဆီဂျင်
#ယောက်မ
#ဓာတ်ငွေ့
#ရေတံခွန်

Some text some message..