သဘာဝအတိုင်းဖြစ်တည်နေတဲ့ အပြာရောင်ကြယ်ငါးမျိုးစိတ်
mmload.com
|
2024-07-26

တစ်ကိုယ်လုံးအပြာရောင်ဖြစ်နေတဲ့ကြယ်ငါးဟာ သာမာန်အားဖြင့်ကြည့်လိုက်ရင်သဘာဝအတိုင်းဖြစ်တည်နေတာနှင့်မတူဘဲ ပြုပြင်ထားတယ်လို့ခံစားရပါတယ်။ Linckia laevigataလို့ခေါ်တဲ့ ဒီကြယ်ငါးမျိုးစိတ်ဟာ ကြယ်ငါးမျိုးကွဲတွေထဲက တစ်ခုဖြစ်ပြီးတော့ အင်ဒို ပစိဖိတ်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ကြယ်ငါးတစ်မျိုးဖြစ်ပါတယ်။ 


တစ်ခြားကြယ်ငါးတွေနှင့်မတူဘဲ ဒီအပြာရောင်ကြယ်ငါးတွေဟာ တစ်ခြားအရောင်ရောစပ်တာမရှိဘဲ တစ်ကိုယ်လုံးအပြာရောင်ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အပြာရောင်ဟာတစ်ကောင်ချင်းစီကိုလိုက်ပြီးတော့ အပြာနုကနေ အပြာရင့်ရောင်ဆိုပြီးကွဲပြားတဲ့အရောင်တွေဖြစ်တတ်ပါတယ်။ 


သူတို့ဟာ linckiacyanin လို့ခေါ်တဲ့  ကာရိုတီနိုပရိုတင်းတစ်မျိုးကိုထုတ်လုပ်ကြပြီးတော့ ဒီပရိုတင်းဟာ သူတို့ကိုယ်ကိုအပြာရောင်ဖြစ်သွားစေတာဖြစ်ပါတယ်။ ဒီအပြာရောင်ကြယ်ငါးတွေဟာ နေထိုင်ရာပတ်ဝန်းကျင်နှင့် အစားအစာတွေကြောင့်အပြာရောင်ဖြစ်လာတာမဟုတ်ဘဲ သဘာဝအတိုင်းဖြစ်တည်နေတဲ့အရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်နိုင်တာကြောင့် အခုလိုမျိုးအပြာရောင်ဖြစ်နေတာဖြစ်ပါတယ်။


#သဘာဝ
#အပြာရောင်
#ငါးမျိုးစိတ်
#ကြယ်ငါး
#မျိုးစိတ်

Some text some message..