
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဗျနိုင်ငံက ကမ္ဘာ့အကြီးမားဆုံးလေဆိပ်ကိုပိုင်ဆိုင်ထားတယ်ဆိုတုာကို သံသယဝင်စရာမလိုပါဘူး။ ဒီကမ္ဘာ့အကြီးဆုံးလေဆိပ်ကြီးဟာ ဒမ်ကမ်မြို့မှာတည်ရှိပြီးတော့ စတုရန်းမိုင်ပေါင်း ၃၀၀နီးပါးကျယ်ဝန်းတာဖြစ်ပါတယ်။ ဒီလေဆိပ်ဟာ အရွယ်အစားအရ ကမ္ဘာ့အကြီးဆုံးလေဆိပ်ဖြစ်ပေမဲ့ ခရီးသည်ဝင်ရောက်မှုကတော့ တတိယအများဆုံးနေရာမှာပဲ ရပ်တည်နေပါတယ်။

လေဆိပ်ဟာ တစ်နှစ်ကို ပျမ်းမျှခရီးသည် ၁၀ သန်းလောက်ဝင်ရောက်နေတဲ့လေဆိပ်ဖြစ်ပါတယ်။ ဒီလေဆိပ်ကို ပင်လယ်ကွေ့စစ်ပွဲအတွင်းမှာ အမေရိကန်လေတပ်စခန်းအနေနှင့်အသုံးပြုခဲ့ပြီး ၁၉၉၉မှာတော့ ခရီးသည်တင်လေဆိပ်တစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။ လေဆိပ်အတွင်းမှာ လေယာဥ်ပြေးလမ်းနှစ်ခုနှင့် အဆောက်အအုံးသုံးခုရှိပါတယ်။

အဆောက်အအုံတစ်ခုက ခရီးသည်တွေအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့လေဆိပ်ဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒူဘိုင်းနှင့် အာရေးဗျတော်ဝင်မိသားစုဝင်တွေအတွက်ဖြစ်ပြီး ဒီလေဆိပ်ရဲ့အဓိကလမ်းကြောင်းကတော့ ဒူဘိုင်းမြို့ခရီးစဥ်ပဲဖြစ်ပါတယ်။ လေဆိပ်အတွင်းမှာ ထိပ်တန်းဇိမ်ခံဘရန်းများစွာရဲ့ဆိုင်ခန်းတွေရှိပြီးတော့ တော်ဝင်မိသားစုတွေအတွက် သီးသန့် ဂိတ်တစ်ခုကိုပါ ပါရှိတဲ့လေဆိပ်ဖြစ်ပါတယ်။