Present perfect tense
lotaya.mpt.com.mm
|
2022-12-28

Tense တွေ အကြောင်းလေ့လာတဲ့အခါမှာ simple tense တွေက နားလည်ရလွယ်ကူပေမယ့် perfect tense တွေကတော့ နည်းနည်း ရှုပ်ထွေးတတ်ပါတယ်။ perfect tense တွေကို ဘယ်အချိန်မှာ အသုံးပြုရမလဲ၊ ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ တစ်ခါတစ်ရံမှာ မရေမရာ မသေမချာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ခါမှာ perfect tense တွေထဲက Present perfect tense အသုံးပြုပုံကို ရှင်းရှင်းလင်းလင်း သိသွားအောင် ပြောပြသွားမှာ ဖြစ်ပါတယ်။


အဖြစ်အပျက်တစ်ခုက အတိတ်မှာလည်း ဖြစ်ပျက်ခဲ့ပြီး လက်ရှိပစ္စုပ္ပန်ကာလအထိလည်း ဖြစ်နေတယ်ဆိုရင် Present perfect tense ကို အသုံးပြုပါတယ်။ Present perfect tense ကို အသုံးပြုတဲ့အခါမှာ has/have + V3 ပုံစံနဲ့ ရေးသားရပါတယ်။ဥပမာလေးကို တစ်ချက်ကြည့်လိုက်ရအောင်…

He has gone to Paris.

သူ ပါရီမြို့ကို ထွက်သွားပြီ။

ဒီစာကြောင်းမှာ “သူ” က အတိတ်မှာ ပါရီမြို့ကို ထွက်သွားခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်မှာလည်း ပါရီမြို့မှာ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။ အဲ့လို အခြေအနေမျိုးတွေမှာ present perfect tense ကို အသုံးပြုရပါတယ်။





       2.လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ၊ ပြောနေတဲ့အချိန်မှာ ပြီးစီးသွားတဲ့ အရာတွေကို ဖော်ပြတဲ့အခါမှာလည်း present perfect tense ကို အသုံးပြုပါတယ်။

ဥပမာလေးတွေကို ကြည့်လိုက်ရအောင်….

Daisy has never read Harry Potter books.

ဒေစီက ဟယ်ရီပေါ်တာ စာအုပ်တွေ လုံးဝ မဖတ်ဖူးဘူး။

ဒီစာကြောင်းမှာ ဒေစီရဲ့ မလုပ်ဖူးသေးတဲ့ အတွေ့အကြုံကို ဖော်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ present perfect tense ကို သုံးပြီး ရေးလို့ရပါတယ်။

John has gone to the market.

ဂျွန် ဈေးကို သွားပြီ။

ဒီစာကြောင်းကို ပြောနေတဲ့အချိန်မှာ ဂျွန်က ဈေးကို ရောက်နေပါပြီ။


Signal words for present perfect tenseဒါကတော့ test ဖြေဆိုမယ့်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ Test ထဲမှာ tense နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြေရတဲ့အခါမှာ present perfect tense သုံးပြီး ဖြေရမယ်လို့ အလွယ်တကူ သိနိုင်တဲ့ indicators လေးတွေ ရှိပါတယ်။

Already, yet, still, since, so far, recently, for …စတဲ့ signal words လေးတွေပါရင် present perfect tense ကို သုံးရမယ်လို့ ယေဘုယျအားဖြင့် မှတ်ယူထားလို့ရပါတယ်။
ဥပမာလေးတွေ ကြည့်လိုက်ရအောင်…

She (write) ten pages already.I have not (work) since last November.John (read) four books so far this month. 

ဒီမေးခွန်းသုံးခုလုံးမှာ ပြောပြသွားတဲ့ signal words တွေ ပါတဲ့အတွက် မေးခွန်းသုံးခုလုံးကို present perfect tense သုံးပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_education


#မေးခွန်း
#အတွေ့အကြုံ
#စာအုပ်
#Present
#Tense

Some text some message..