ဒီပလိုမာ ၉ လသင်တန်းများ မုံရွာစီးပွားရေးတက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်
edge.com.mm
|
2023-01-23

မုံရွာစီးပွားရေး တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ၉ လတာကြာမြင့်မည့် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။သင်တန်းများကို  အွန်လိုင်းမှတစ်ဆင့်  ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး  တက်ရောက်နိုင်သည့်  ဒီပလိုမာသင်တန်းများမှာ  အောက်ပါအတိုင်းဖြစ်သည်_

(က)  Diploma in Development Studies (Dip.DS)

(ခ)   Diploma in Business Studies (DBS)

(ဂ)   Post Graduate Diploma in Research Studies (PGDRS)

အဆိုပါသင်တန်းအသီးသီးအတွက် လျှောက်ထားသူများ အနေဖြင့် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

သင်တန်းလျှောက်လွှာပုံစံများကို မုံရွာစီးပွားရေးတက္ကသိုလ်သင်တန်းရေးရာဌာန၏ Facebook Page နှင့် သက်ဆိုင်ရာတာဝန်ခံဌာနများတွင် Online သို့မဟုတ် လူကိုယ်တိုင် လာရောက်၍ဖြစ်စေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်ထုတ်ယူနိုင်သည်။

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို Original Scan Copy (မူရင်းကို Scan ဖတ်ထားသော မိတ္တူ) ကို Online (သို့) လူကိုယ်တိုင် သက်ဆိုင်ရာတာဝန်ခံဌာနများသို့ ပေးပို့ရမည်_

ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ 

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

နိုင်ငံသားစီစစ်ရေးကတ်

ပတ်စ်ပို့တ်ဓာတ်ပုံ

သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂၄-၁-၂၀၂၃ ရက် (အင်္ဂါနေ့)

လျှောက်လွှာပိတ်မည့်ရက် - ၂၃-၃-၂၀၂၃ ရက် (ကြာသာပတေးနေ့)

သင်တန်းစတင်မည့်ရက် - ၂၈-၃-၂၀၂၃ ရက် (အင်္ဂါနေ့) (သင်တန်းများအားလုံး)

သင်တန်းအချိန် - အပတ်စဥ် တနင်္လာမှ သောကြာ ( ညနေ ၆း၀၀ မှ ၈း၀၀ ) 

သင်တန်းများအားလုံးကို Zoom Application ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းအသီးသီးအတွက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ နှင့် အီးမေးလ်လိပ်စာများမှာ အောက်ပါအတိုင်း ဖြစ်သည်_

Dip DS - 09757543637, 09669472760

appeco22@gmail.com DBS 09422112470

commerce.mue@gmail.com PGDRS 09404035886

statistics.mue@gmail.com
အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန ၏ ဖုန်းနံပါတ်များဖြစ်သော 09400413081, 09259144740 နှင့်

mueacademicaffair@gmail.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။








#လျှောက်လွှာ
#ဌာန
#Diploma
#သင်တန်း
#စီးပွားရေးတက္ကသိုလ်

Some text some message..