ချင်းမိုင်မှာ အင်္ဂလိပ်စာ သင်ကြားပေးနိုင်မယ့် Volunteer တွေ ခေါ်ယူ
edge.com.mm
|
2023-02-08

သင်က အင်္ဂလိပ်စာ သင်ကြားရတာကို နှစ်သက်တယ်၊ ကလေးတွေနဲ့ နေရတာကိုလည်း ချစ်တယ်၊ နိုင်ငံတကာရဲ့ စာသင်ကြားမှု အတွေ့အကြုံကိုလည်း ရယူချင်တယ်၊ စေတနာ့ဝန်ထမ်း အလုပ်တွေမှာလည်း ပါဝင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အခွင့်အရေးကို လက်လွှတ်မခံဖို့ ပြောချင်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Child’s Dream အဖွဲ့အစည်းကြီးကနေ ချင်းမိုင်မြို့မှာရှိတဲ့ ကလေးများရဲ့ ဆေးဘက်ဆိုင်ရာ ရန်ပုံငွေ Safe House နဲ့ ဆေးရုံများတွင် အင်္ဂလိပ်စာ သင်ကြားပေးရန်အတွက် စေတနာ့ဝန်ထမ်းဆရာများကို ခေါ်ယူနေတာပါ။

Child’s Dream ဆိုတာကတော့ ၂၀၀၃ ခုနှစ်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၊ က မ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် လုပ်ငန်းလည်ပတ်ခွင့် ပါမစ်နဲ့ ဆွစ်ဇာလန်မှာ မှတ်ပုံတင်ထားတဲ့ ပရဟိတ NGO အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်တွေမှာ အဓိကထားပြီး လုပ်ဆောင်နေတာပါ။ ရုံးအခြေစိုက်အနေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်၊မဲဆောက် နဲ့ ကမ္ဘောဒီးယားနိုင်ငံများမှာ တည်ရှိပါတယ်။ 

အခုခေါ်ယူတဲ့အလုပ်နဲ့ပတ်သက်တဲ့ တာဝန်နဲ့ ဝတ္တရားတွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်_

Chiang Mai Ram Hospital သို့ Chiang Mai,Suthep လမ်းမကြီးပေါ်တွင် တည်ရှိသော Children’s Medical Fund (CMF employees) Safe House တွင် စာသင်ကြားရမည်။

သင်ယူမှု အရည်အသွေးများ ကောင်းမွန်စေရန်နှင့် သင်ယူမှုရလာဒ်များ ကောင်းမွန်လာစေရန် Child’s Dream ရှိ အရာရှိများမှ ပုံမှန်အကဲဖြတ်မှုများ ပြုလုပ်ခြင်း

အချိန်ဇယားနှင့်အညီ သင်ခန်းစာများကို လိုက်လျောညီထွေမှုရှိအောင် ရေးဆွဲခြင်း

ထိရောက်မှုရှိသော သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားမှု အရင်းအမြစ်များကို ပြင်ဆင်ခြင်း တို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Volunteer လျှောက်ထားရန်အတွက် လိုအပ်ချက်များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

NGO လုပ်ငန်းခွင်များတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ရန် စိတ်အားထက်သန်မှုရှိခြင်း

အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်မှုရှိခြင်း

အင်္ဂလိပ်စာသင်ကြားမှု အတွေ့အကြုံရှိခြင်း

လုပ်ငန်းကိုင်တွယ်မှု ကောင်းမွန်ခြင်း

အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်တက်ခြင်း

သဘောထားပွင့်လင်းပြီး အမှီအခိုကင်းခြင်း

ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း

ဒါဆို ကိုယ့်အနေနဲ့ ဘယ်လိုအခွင့်အရေးတွေ ပြန်ရနိုင်မလဲဆိုတာ ကြည့်ရအောင်_

နိုင်ငံတကာမှ လူမျိုးပေါင်း ၁၀ မျိုးကျော် ပါဝင်သော အလုပ်အကိုင် ပတ်ဝန်းကျင် အတွေ့အကြုံကို ရရှိနိုင်ခြင်း

လုပ်ငန်းခွင်အတွင်း အထက်အောက် စဥ်ဆက်မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အရေးနှင့် ပေါ့ပါးသော လုပ်ငန်းခွင်တစ်ခုလို ခံစားရနိုင်ခြင်း

NGO လုပ်ငန်းများ၏ သဘောသဘာဝကို နက်နဲစွာ ထိုးထွင်းသိမြင်နိုင်သော အခွင့်အလမ်းကို ရရှိနိုင်ခြင်း

အလုပ်ချိန်ကင်းလွတ်သည့် အချိန်များတွင် ပရောဂျက်အဖွဲ့နှင့် ကွင်းဆင်းလေ့လာမှုများ လိုက်ပါနိုင်ခြင်း

တစ်ခုရှိတာကတော့ ဒီအလုပ်ခေါ်ယူမှုက စေတနာ့ဝန်ထမ်း လုပ်အားပေးခေါ်ယူမှု ဖြစ်တဲ့အတွက်ကြောင့် အကယ်၍ အလုပ်ရခဲ့ပါက ချင်းမိုင်သို့ သွားရောက် နေထိုင်စားသောက်ရမည့် စရိတ်များကို အဖွဲ့အစည်းဘက်မှ ပံ့ပိုးပေးထားခြင်း မရှိပါဘူး။ ဒါကြောင့် သင်က လွတ်လပ်စွာ သွားလာနိုင်ပြီး ကိုယ့်စရိတ်ကိုယ်ခံနိုင်မှ လျှောက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ အကယ်၍ အလုပ်ရခဲ့လျှင် ချင်းမိုင်မှာ အနည်းဆုံး ၃ လ နေထိုင်ပြီး လုပ်ကိုင်နိုင်ရပါမယ်။

စိတ်ပါဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ လင့်ခ်က‌နေ လျှောက်လွှာဖောင်ကို ဒေါင်းလုပ်ဆွဲပြီး ကိုယ့်ရဲ့ ပညာအရည်အချင်း ထောက်ခံချက် စာရွက်စာတမ်းများနဲ့အတူ

volunteers@childsdream.org သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာဖြည့်တဲ့နေရာမှာ အချက်အလက်များကို အပြည့်အစုံ ဖြည့်စွက်ဖို့ အကြံပြုချင်ပါတယ်။
လျှောက်လွှာရယူရန်လင့်ခ် 

>

Volunteer Application Form




#အင်္ဂလိပ်စာ
#အဖွဲ့အစည်း
#အတွေ့အကြုံ
#ဝန်ထမ်း
#အလုပ်

Some text some message..