
ပိုင်ဆိုင်မှုဆိုတာ တစ်စုံတစ်ဦးရဲ့ ကိုယ်ပိုင်ပစ္စည်း သို့မဟုတ် တစ်စုံတစ်ဦးနဲ့ သက်ဆိုင်သော အရာကို ဆိုလိုပါတယ်။ မြန်မာစကားမှာတော့ ပိုင်ဆိုင်မှုကို ဖော်ပြရာတွင် ရဲ့၊ ၏ စသဖြင့် သုံးကြပါတယ်။ English ဘာသာမှာတော့ ဘယ်လို စကားလုံးမျိုး သုံးပြီး ပိုင်ဆိုင်မှုကို ဖော်ပြသလဲဆိုတာကို ပြောပြ ပေးသွားပါမယ်။
English ဘာသာရပ်မှာ ပိုင်ဆိုင်မှု အကြောင်း ပြော တဲ့အခါ နည်းလမ်း (3) မျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။
၎င်းတို့ကတော့ Possessive Pronoun, An Apostrophe with Noun and Preposition.
1.Possessive Pronoun (ပိုင်ဆိုင်မှုပြ နာမ်စား)
ပိုင်ဆိုင်မှုကို ပြချင်တဲ့အခါ အသုံးပြုလို့ရတဲ့ ပထမ နည်းလမ်းကတော့ Possessive Pronoun (ပိုင်ဆိုင်မှုပြ နာမ်စား)ပဲ ဖြစ်ပါတယ်။ နာမ်စားနဲ့ ပိုင်ဆိုင်မှုကို ပြရာတွင် Possessive Adjective နဲ့ Possessive Pronoun ဟူ၍ နည်းလမ်း နှစ်မျိုးရှိပါတယ်။
Possessive Adjectives တွေကတော့
my,our, your,their, his, her and its ဆိုပြီး(၇)လုံး ရှိပါ တယ်။သူတို့တွေက pronoun adjective တွေ ဖြစ်တဲ့ အတွက် အနောက်မှာတော့ Noun ကပ်လိုက် ပေးဖို့ လိုပါတယ်။
ဥပမာ -
The red one is
my hat.
အနီရောင်တစ်ခုက ကျွန်တော့်ရဲ့ ဦးထုပ်ပါ။
The baby took
his banana.
ကလေးက သူ့ရဲ့ ငှက်ပျောသီးကို ယူသွားတယ်။
Possessive Pronoun ကျတော့ အနောက်ကနေ Noun လိုက်ပေးစရာမလိုပါဘူး။ မြန်မာလိုပြောရင် တော့ (--ဟာ) လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အောက်ပါစကားလုံးတွေက နောက်မှာ နာမ်မလို တဲ့ ပိုင်ဆိုင်မှုပြနာမ်စားတွေ ဖြစ်ပါတယ်။
mine, ours, yours, theirs, his, her, its.
ဥပမာ-
The pencil is
mine.
အဲ့ဒီ ခဲတံက ငါ့ဟာ ဖြစ်ပါတယ်။
I am
yours.
ငါက မင်းအတွက် ဖြစ်ပါတယ်။
2.An Apostrophe with Noun ( 's နှင့်နာမ်)
ပိုင်ဆိုင်မှုကိုပြနိုင်တဲ့ ဒုတိယနည်းလမ်းကတော့ An Apostrophe with Noun ( 's နှင့်နာမ်) ပုံစံ ဖြစ်ပါ တယ်။ ဒါကတော့ နာမ်တစ်ခုခုရဲ့ အပေါ်မှာ (
's) လေးထည့်ပေးခြင်းအားဖြင့် ထိုနာမ်ရဲ့ ပိုင်ဆိုင်မှုဖြစ် ကြောင်းကို ပြပေးပါတယ်။
သို့သော် ထည့်ချင်သလို ထည့်လို့ မရပါဘူး။ Singular Noun ဆိုရင်တော့ (
's) ထည့်ရမှာ ဖြစ်ပြီး Plural Noun ဆိုရင်တော့ (
') ပဲထည့်ပေးရပါတယ်။
ဥပမာ -
John's cat likes milk.
ဂျွန်ရဲ့ ကြောင်လေးက နွားနို့ ကြိုက်ပါတယ်။
Singular Noun ဖြစ်လို့ ('s)လေးနဲ့ သုံးသွားပါတယ်။
The Dogs' teeth are very sharp.
ခွေးတွေရဲ့ သွားက အလွန်ထက်ပါတယ်။
Plural Noun ဖြစ်လို့ (') ပဲသုံးသွားတယ်နော်။
သတိထားရမှာတစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ Plural Nouns ဆိုရင် တော့ (
's) ပဲသုံးပါတယ်။
The children's bicycles are pink.
ကလေးတွေရဲ့ စက်ဘီးက ပန်းရောင်လေး တွေ ဖြစ်ပါတယ်။
3.Preposition (ဝိဘတ်)
ပိုင်ဆိုင်မှု ပြချင်ရင် အသုံးပြုရမဲ့ တတိယ နည်း လမ်း ကတော့ Preposition (ဝိဘတ်) ကို အသုံးပြု ပါတယ်။ဝိဘတ် အများကြီးရှိတဲ့ အထဲမှ ပိုင်ဆိုင်မှု ကိုပြတဲ့ စကားလုံး တစ်လုံးရှိပါတယ်။ အဲ့ဒါကတော့ "
of " ဖြစ်ပါတယ်။ of ရဲ့ အဓိပ္ပါယ်က
၏/ရဲ့ ဖြစ်ပါ တယ်။
ဥပမာ-
The leg
of the chair is broken.
ကုလားထိုင်၏ ခြေထောက်မှာ ကျိုးနေပါတယ်။
Jack Sparrow is the captain
of the Black Pearl.
ဂျက်စပဲရိုးသည် Black Pearl သင်္ဘော၏ ကပ္ပတိန် ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_education