ကမ္ဘာ့အသုံးအများဆုံးဘာသာစကား (၁၀)မျိုးအကြောင်း
edge.com.mm
|
2023-05-23

ကမ္ဘာပေါ်မှာ လူသုံးအများဆုံးဘာသာစကားတွေက ဘာတွေလဲဆိုတာတွေးကြည့်ဖူးပါသလား။ ဒါက သင့်ကို ဘာသာစကား သင်ယူတဲ့နေရာမှာ အထောက်အကူပြုစေမှာပါ။ အင်္ဂလိပ်စာဘာသာစကားကတော့ ကမ္ဘာ့ နေရာအနှံ့အပြားမှာ လူသုံးများတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တရုတ်စာဘာသာစကားကတော့ Native Speaker ပြောဆိုသုံးစွဲသူ အနေနဲ့ဆို နံပါတ်တစ်နေရာမှာ လက်ရှိပြေးနေပါတယ်။

ဒါဆိုရင်တော့ လက်ရှိ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလစစ်တမ်းတွေအရ ကမ္ဘာပေါ်မှာဘယ်ဘာသာစကားတွေက လူသုံး အများဆုံးလည်း ကြည့်လိုက်ကြရအောင်။ ဒါတွေကို သိရင်တော့ သင့်အနေနဲ့ ဘာသာစကားသင်တန်းတွေတက်ရောက်ဖို့  ရွေးချယ်တဲ့နေရာမှာလည်း  အများကြီးအထောက်အကူပြုစေမှာပါ။

1. Chinese - 1.3 Billion Native Speaker


ကမ္ဘာပေါ်ရှိ လူခြောက်ယောက်တွင် တစ်ယောက်ပြောဆိုသုံးစွဲနေသော ဘာသာစကားပါ။ လက်ရှိမှာလည်း အသုံးပြုသူပေါင်း ၁.၃ဘီလီယံအထိရှိပါပြီ။ ဘာသာစကားသင်မယ်ဆို အလုပ်အတွက်ပဲဖြစ်ဖြစ် သင်ယူသင့်ထဲစာရင်းထဲမှာ နံပါတ်တစ်အနေနဲ့စဥ်းစားသင့်ပါတယ်။

2. Spanish - 485 Million Native Speakers 


Native Speaker အနေနဲ့ယှဥ်မယ်ဆို စပိန်ဘာသာစကားက အင်္ဂလိပ်ဘာသာစကားထက်ပိုပြီး ရှေ့ရောက်ပါတယ်။ ပြောဆိုသုံးစွဲသူကလည်း ၄၈၅သန်းရှိပါတယ်။ အမေရိကတိုက် တောင်ပိုင်း နဲ့ အလယ်ပိုင်း၊ စပိန်၊ အမေရိကန်နိုင်ငံရဲ့ ကျယ်ပြန်တဲ့တစ်စိတ်တစ်ဒေသတွေဟာ စပိန်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုသုံးစွဲကြပါတယ်။

3. English - 373 Million Native Speakers


သင့်အနေနဲ့ဒီဆောင်းပါးကိုဖတ်နေတယ်ဆိုရင်တော့ သင်ဟာအင်္ဂလိပ်စာဘာသာစကားကို Native Speaker အနေနဲ့ပြောဆိုသူ ဒါမှမဟုတ် Second Language အနေနဲ့အသုံးပြုသူတစ်ယောက်ဖြစ်မှာ အသေအချာပါပဲ။ အင်္ဂလိပ်စာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခြင်းက သင့်အတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝအရည်အသွေးကို သေချာပေါက်ရရှိစေမှာပါ။

4. Arabic - 362 Million Native Speakers


ကမ္ဘာပေါ်မှာ နံပါတ် ၄နေရာနဲ့ ပြောဆိုသုံးစွဲသူ ၃၆၂သန်းရှိနေတာကတော့ အာရပ်ဘာသာစကားပါ။ အာရပ်ဘာသာစကားမှာဆိုရင်လည်း သက်ဆိုင်ရာ ဒေသိယဘာသာစကားအုပ်စုတွေ အများကြီးကွဲပြား သွားပါသေးတယ်။

5. Hindi - 344 Million Native Speakers


အိန္ဒိယမှာတရားဝင်အသိအမှတ်ပြုဘာသာစကားပေါင်း၂၃မျိုးရှိပါတယ်။ဒေသိယဘာသာစကား မှာလည်း နေရာဒေသအလိုက် ပြောဆိုသုံးစွဲမှုခြင်း ကွဲပြားခြားနားကြပါတယ်။ သင့်အနေနဲ့ အိန္ဒိယကို အလည်သွားမယ်ဆိုရင်တော့ ဟိန္ဒူဘာသာစကား ထမင်းစားရေသောက် အနည်းငယ်တတ်မြောက်ထား ဖို့တော့ လိုအပ်ပါလိမ့်မယ်။

6. Bengali - 234 Million Native Speakers


၁၉၄၇ခုနှစ်မှာ ဗြိတိသျှတို့က ဘင်္ဂလားပင်လယ်အော်ကို နှစ်ပိုင်းပိုင်းခြားခဲ့ရာမှ အနောက်ဘင်္ဂလား (ယခုအိန္ဒိယ၏ တစ်စိတ်တစ်ပိုင်း)၊ အရှေ့ဘင်္ဂလား (အဓိကအားဖြင့် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာဒေသ) ဆိုပြီး ကွဲထွက်သွားပါတယ်။ ဘင်္ဂါလီဘာသာစကားကတော့ အများဆုံး ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ သုံးစွဲမှုများပြီး  ကမ္ဘာ့နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။

7. Portuguese - 232 Million Native Speakers


ကိုလိုနီခေတ်လွန်ကာလများမှာ အများဆုံးကျယ်ပြန့်သွားတဲ့ ဘာသာစကားများထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ၁၅ရာစုကစတင်ပြီး ပေါ်တူဂီကုန်သည်တွေနဲ့ စစ်ပွဲအောင်နိုင်သူတွေဟာ ၄င်းတို့ရဲ့ ဘာသာစကားကို အာဖရိက၊ အာရှနဲ့ အမေရိကတိုက်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ နံပါတ် ၇နေရာမှာရပ်တည်နေပါတယ်။

8. Russian - 154 Million Native Speakers


မိခင်ဘာသာစကားအနေဖြင့် ပြောဆိုသုံးစွဲသူ ၁၅၄သန်းဖြင့် ရုရားဘာသာစကားဟာ ကမ္ဘာပေါ်မှာ နံပါတ် ၈နေရာမှာရပ်တည်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောဆိုသုံးစွဲတဲ့ ဘာသာစကား ခြောက်မျိုးအနက်မှာ တစ်ခုအဖြစ် ယခုထက်တိုင် ပါဝင်ရပ်တည်နေဆဲဖြစ်ပါတယ်။

9. Japanese - 125 Million Native Speakers


ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာ ရေပန်းစားပြီး သင်တန်းတက်ရောက်မှု အများဆုံးရှိနေတဲ့ ဘာသာစကားပါ။ ကမ္ဘာမှာဆိုရင်တော့ မိခင်ဘာသာစကား သုံးစွဲသူအနေနဲ့ ၁၂၅သန်းရှိပြီး နဝမနေရာမှာရပ်တည်နေပါတယ်။ဂျပန်နိုင်ငံပြင်ပမှာနေထိုင်ပြီးဂျပန်စကားပြောတဲ့အုပ်စုတွေကို အကြီးမားဆုံး အုပ်စုများအဖြစ် အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဘရာဇီးနိုင်ငံတို့မှာ တွေ့ရှိရပါတယ်။

10. Lahnda (Western Punjabi) - 101 Million Native Speakers


မိခင်ဘာသာစကားပြောဆိုသုံးစွဲသူပေါင်း ၁၀၁သန်းနှင့် Top 10 ရဲ့နောက်ဆုံးနေရာမှာ ရပ်တည်နေတာ ကတော့ ပါကစ္စတန်ရဲ့ Microlanguage လို့ပြောလို့ရတဲ့ Lahnda ဘာသာစကားပါ။ အနောက်ပန်ချာပီ မှာအဓိက ပြောဆိုသုံးစွဲကြပါတယ်။

အထက်မှာဖော်ပြထားတဲ့ ဘာသာစကား (၁၀)မျိုးစလုံးက မိခင်ဘာသားစကားပြောဆိုသုံးစွဲသူ (Native Speakers) အရေအတွက်နဲ့ အစဥ်လိုက်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ အကယ်၍ Native Speakers တွေသာမကပဲ ကမ္ဘာပေါ်က လူဦးရေ စုစုပေါင်းနဲ့ ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင်တော့ ကမ္ဘာ့ 1 to 10 ရရှိလာမယ့် စာရင်းဝင်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

1. English - 1.452 billion total speakers
2. Mandarin Chinese - 1.119 billion total speakers
3. Hindi - 602 million total speakers
4. Spanish - 559 million total speakers
5. Standard Arabic - 274 million total speakers
6. French - 274 million total speakers
7. Bengali - 273 million total speakers
8. Russian - 258 million total speakers
9. Portuguese - 258 million total speakers
10. Urdu - 231 million total speakers

Reference:

www.babbel.com




#ဘာသာစကား
#အမေရိကန်
#ဂျပန်
#အင်္ဂလိပ်စာ
#စပိန်

Some text some message..