ရန်ကုန်အပါအဝင် မြို့ကြီး (၁၀) မြို့တွင် အိမ်တွင်းမှုသက်မွေးသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ
edge.com.mm
|
2024-04-24

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အတန်းပညာပြီးဆုံးအောင် မတက်ရောက်နိုင်ခဲ့သော်လည်း ဝင်ငွေအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိရန် သက်မွေးပညာသင်တန်းကျောင်းများကို တက်ရောက်လိုသူတွေအတွက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး (၁၀) မြို့မှာ ဖွင့်လှစ်ထားသည့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများတွင် သင်တန်းသားများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အိမ်တွင်းမှုသက်မွေးသင်တန်း အပတ်စဉ် (၁) အား စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကြေညာထားပါသည်။ 


 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများအား ဖွင့်လှစ်ထားပါသည်။ အဆိုပါသင်တန်းကျောင်းများတွင် - 

စက်ချုပ်သင်တန်း (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊
လက်မှုသင်တန်း (ဇာထိုး/ ပန်းထိုး/ စီးကွင့်)
မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊
 အစားအစာချက်ပြုတ်နည်းသင်တန်းနှင့်
ပန်းအလှပြင်သင်တန်း စသည်တို့ကို ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ဆရာ/ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပါသည်။ ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈) ခု ဖွင့်လှစ်ပြီး အပတ်စဉ်တစ်ခုလျှင် (၆) ပတ် ကြာပါသည်။  

ထို့အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အဆိုပါ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများ၌ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ၂-၅-၂၀၂၄ ရက်နေ့မှ ၇-၆-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်လိုသော သင်တန်းသား (အမျိုးသမီး/အမျိုးသား) များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အောက်ပါ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းပြီး တက်ရောက်နိုင်ပါသည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)

အမှတ်-၁၃၅၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊

ဖုန်း- ၀၉-၄၂၇၉၀ဝ၀၄၆

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)

အမှတ်-၁၆၉၊ ၈၃ လမ်း၊ ၂၅ x ၂၆ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့၊ 

ဖုန်း- ၀၂-၄၀၃၆၇၉၈

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်)

ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့၊

ဖုန်း- ၀၅၇-၂၀၂၇၁၆၆ 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(တောင်ငူ)

အမှတ်(၁၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့၊ 

ဖုန်း-၀၅၄-၂၈၂၃၅၇၁ 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)

အမှတ်(၉၂)၊ ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ 

ဖုန်း- ၀၇၄-၂၅၂၂၅၅၈ 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဖျာပုံ)

ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ ဖျာပုံမြို့၊ 

ဖုန်း- ၀၉-၂၆၂၇၅၇၈၉၉ 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)

အမှတ်-၂ ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊

ဖုန်း-ဝ၄၂- ၂၅၃၇၃၊ ၀၄၂-၂၁၀၃၇

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (စစ်တွေ)

မေယုလမ်း(လေယာဉ်ကွင်းအနီး၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့၊ 

ဖုန်း- ၀၄၃- ၂၂၀၆၇

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရွာငံ) 

အမှတ်-၈၂ ၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ 

ဖုန်း- ၀၈၁-၄၇၆၈၀၁၅ 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်) 

အကွက်အမှတ်(၂၄)၊ ဆန်ချီတိုးချဲ့ အနောက်ကွင်း၊ ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ 

ဖုန်း- ၀၅၉-၂၀၂၄၀၀၉


 






#ရန်ကုန်
#မန္တလေး
#သင်တန်းကျောင်း
#မော်လမြိုင်
#အိမ်တွင်းမှု

Some text some message..