မုံရွာစီးပွားရေးတက္ကသိုလ်တွင် အွန်လိုင်း မဟာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း
edge.com.mm
|
2024-04-25

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့ (MBF) နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) မဟာဘွဲ့သင်တန်းများသို့ ဝင်ခွင့် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မဟာဘွဲ့သင်တန်းများကို အွန်လိုင်းမှတဆင့် စနေနှင့် တနင်္ဂနွေပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ 

အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -

(က) အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။ 

(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

(ဂ) ဝန်ထမ်းဖြစ်ပါက သင်တန်းရက်များတွင် အချိန်ပြည့် တက်ရောက်နိုင်ရန် သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြု

ချက်တင်ပြနိုင်သူ ဖြစ်ရမည်။

(ဃ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Online စနစ်ဖြင့် သင်ကြားမည် ဖြစ်ပါ၍ Zoom Application အား ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရမည်။

သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ မိလျှောက်ထားလိုသည့် သက်ဆိုင်ရာ Programme ၏ Email သို့မဟုတ် Viber မှဖြစ်စေ ထုတ်ယူနိုင်ပါသည်။ 

လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original Scan Copy (မူရင်းကို Scan ဖတ်ထားသော မိတ္တူ) ကို သက်ဆိုင်ရာ Programme ၏ Email သို့မဟုတ် Viber မှ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ (၂၅-၅-၂ဝ၂၄) ရက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။

(က) ဘွဲ့လက်မှတ်(သို့) ယာယီဘွဲ့ ထောက်ခံစာ

(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

(ဂ) နိုင်ငံသားစိစစ်ရေးကတ်

(ဃ) ပညာအရည်အချင်း ထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံဆိုင်ရာ ထောက်ခံချက်

(င) ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ

သင်တန်းတက်ရောက်လိုသူများသည် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရပါမည်။ ရေးဖြေစာမေးပွဲ ဖြေဆိုပြီး အဆင့်မီသူများအား နှုတ်ဖြေစစ်ဆေး၍ ရွေးချယ်ပါမည်။ ရေးဖြေစာမေးပွဲကို (၂-၆-၂ဝ၂၄) ရက် (တနင်္ဂနွေနေ့) တွင် အွန်လိုင်းမှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို (၆-၆-၂ဝ၂၄) ရက်တွင် ထုတ်ပြန်ပါမည်။ 

သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ နံနက် ၈:၀၀နာရီမှ ညနေ ၅:၀၀နာရီအထိ ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။

သက်ဆိုင်ရာ သင်တန်း Pr၀gramme များ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ

MBF 

Email address - 3mbf.mue@gmail.com

Phone နှင့် Viber - 09-757712395

MDevS

Phone နှင့် Viber- 09-562778775, 09-754598281

Email address - devs.mue@gmail.com

သင်တန်းရေးရာဌာန

Phone နှင့် Viber - 09-259244740, 09-400413081

Email address - mueacademicaffair@gmail.com

Source - သင်တန်းရေးရာဌာန၊ မုံရွာစီးပွားရေးတက္ကသိုလ်






#အွန်လိုင်း
#စီးပွားရေး
#သင်တန်း
#ဌာန
#တက္ကသိုလ်

Some text some message..