အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူခြင်း
edge.com.mm
|
2024-05-10

Grade - 9 အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိကြောင်း သိရပါသည်။ ကျောင်းဝင်ခွင့်လျှောက်လွှာများကို ၁၀-၅-၂၀၂၄ ရက်မှ စတင်ထုတ်ယူနိုင်ပြီး ၁၉-၅-၂၀၂၄ ရက် နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့်ကျောင်းများသို့ လျှောက်လွှာတင်သွင်းရမည်ဖြစ်သည်။

ယခုပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၅၆) ကျောင်းနှင့် အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၂၉) ကျောင်းတို့တွင် လျှောက်ထားနိုင်ပါသည်။

၁။ ကချင်ပြည်နယ်
- အထက(၂) မိုးညှင်း

၂။ ကရင်ပြည်နယ်
- အထက(၂) ကော့ကရိတ်

၃။ ချင်းပြည်နယ်
- အထက(၂) ဟားခါး
- အထက(၁) ပလက်ဝ

၄။ စစ်ကိုင်းတိုင်းဒေသကြီး
- အထက(၁) ရွှေဘ်ု
- အထက- အုန်းတော

၅။ ပဲခူးတိုင်းဒေသကြီး
- အထက- အုန်းနှဲ
- အထက- ပဲနွယ်ကုန်း
- အထက- အေးမြသာယာ
- အထက - သဲကုန်း

၆။ မကွေးတိုင်းဒေသကြီး
- အထက- စကု
- အထက - ပြလို့
- အထက- ဂွေးချို
- အထက(၁) သရက်

၇။ မန္တလေးတိုင်းဒေသကြီး
- အထက(၁) ပျော်ဘွယ်
- အထက- လက်ပံပြား
- အထက- ရွှေပြည်
- အထက- ပလစ(၂) (အမရပူရ)
- အထက- တံတားဦး
- အထက(ခွဲ) လ-၁ (ပြင်ဦးလွင်)


၈။ မွန်ပြည်နယ်
အထက-ဟံဂံ
အထက(၁)သထုံ
အထက(၂) ကျိုက်ထို

၉။ ရခိုင်ပြည်နယ်
အထက(၂) သံတွဲ
အထက(၁) အမ်း
အထက(၃) ကျောက်ဖြူ
အထက(၁) တောင်ကုတ်

၁၀။ ရန်ကုန်တိုင်းဒေသကြီး
အထက- စိုက်မွေး
အထက- ညောင်နှစ်ပင်
အထက- ငါးဆူတောင်
အထက- တိုက်ကြီး
အထက(၄) မင်္ဂလာဒုံ
အထက- သုဝဏ္ဏ
အထက(၂) သာကေတ
အထက- ဖားကူး(သန်လျင်)
အထက (၆) မြောက်ဥက္ကလာပ


၁၁။ ရှမ်းပြည်နယ်(မြောက်)
အထက(၃) ကျောက်မဲ

၁၂။ ရှမ်းပြည်နယ်(တောင်)
အထက- ဝမ်ဟတ်
အထက(၇) အင်းခေါင်း
အထက(ခွဲ)လေတပ် (နမ့်စန်-တ)

၁၃။ ရှမ်းပြည်နယ်(ရှေ့)
အလက- တပ်တွင်း (မိုင်းယောင်း)
အထက(ခွဲ) - အလက(၂) (မိုင်းဆတ်)
အထက- နားကောင်းမူး (မိုင်းတုံ)

၁၄ ဧရာဝတီတိုင်းဒေသကြီး 
အထက(၁) ဒေးဒရဲ
အထက(၂) ကျုံပျော် 
အထက(၃)မိုင် (လပွတ္တာ)
အထက- ချင်းမြောင်
အထက- ဂုန်နီ

၁၅။ နေပြည်တော်
အထက(၂၀) ပုဗ္ဗသီရိ
အထက- ပျံချီ
အထက- MRTV (တပ်ကုန်း)

၁၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပအိုဝ့် - အထက(ခွဲ) ပေါင်လင်း
ပလောင် - အထက-မန်တုံ
ကိုးကန့် - အထက(၂) လောက်ကိုင်
ဓနု - အထက-ကျုံး 
နာဂ - အထက- နန်းယွန်း


အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၂၉)ကျောင်း 
၁။ ကချင်ပြည်နယ်
အထက(၁) ဝိုင်းမော်
အထက(၁) ဗန်းမော်
အထက- ဒုတ္တန်

၂။ ကယားပြည်နယ်
အထက- ချီကယ်

၃။ ကရင်ပြည်နယ်
အထက- ဒုံရင်း

၄။ စစ်ကိုင်းတိုင်းဒေသကြီး 
အထက(၂) အလုံ

၅။ တနင်္သာရီတိုင်းဒေသကြီး 
အထက- သမုတ် 
အထက(၄) ထားဝယ်
အထက(၂) ကော့သောင်း

၆။ ပဲခူးတိုင်းဒေသကြီး
အထက- ညောင်ခြေထောက်
အထက- ရွှေတောင်

၇။ မကွေးတိုင်းဒေသကြီး
အထက- မြေပြင်သာ

၈။ မန္တလေးတိုင်းဒေသကြီး 
အထက(၆) မိတ္ထီလာ
အထက(၂၇) ပြည်ကြီးတံခွန်
အထက- မြစ်သား 
အထက(၃) မြင်းခြံ

၉။ မွန်ပြည်နယ်
အထက- ရွာလွတ် (ချောင်းဆုံ)

၁၀။ ရခိုင်ပြည်နယ်
အထက(၁) စစ်တွေ

၁၁။ ရန်ကုန်တိုင်းဒေသကြီး
အထက- သဝန်းတော
အထက(၇) အင်းစိန်

၁၂။ ရှမ်းပြည်နယ်(မြောက်)
အထက(၁) လားရှိုး

၁၃။ ရှမ်းပြည်နယ်(တောင်)
အထက(၁) အေးသာယာ
အထက(၁) ပင်လုံ

၁၄။ ရှမ်းပြည်နယ်(ရှေ့)
အထက-ဝမ်အွယ်

၁၅။ ဧရာဝတီတိုင်းဒေသကြီး 
အထက- စက္ကော့
အထက- ကန်ကြီးထောင့်
အထက-နတ်မော် (ဟင်္သာတ)

၁၆။ နေပြည်တော်
အထက (၁) ပျဉ်းမနား

၁၇။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
အထက-လဟယ်


ဖော်ပြပါ အထက်တန်းကျောင်းများတွင် လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည့်မီသူဖြစ်ရပါမည်။ 
စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ၏ လက်တွေ့လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်သူဖြစ်ရမည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်သူဖြစ်ရမည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade 10 အောင်မြင်သူများ (သို့မဟုတ်) ကျရှုံးသူများ (သို့မဟုတ်) ရပ်နားထားသူဖြစ်ရမည်။ 

ကျောင်းဝင်ခွင့်လျှောက်လွှာများကို ဖော်ပြပါအထက်တန်းကျောင်းများတွင် ထုတ်ယူပြီး မေလ (၁၉) ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာတင်သွင်းရပါမည်။ သင်တန်းသားရွေးချယ်ရာတွင် သတ်မှတ်ဦးရေပေါ်မူတည်၍ ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ပြီး သင်ကြားသင်ယူမှုအတွက် လိုအပ်သည့် ပုံနှိပ်စာအုပ်များပေးအပ်မည့် အစီအစဉ်ရှိပါသည်။ 

ဖွင့်လှစ်မည့်သင်တန်းများမှာ အထက်တန်းပညာနှင်ံ့တွဲဖက်၍

စိုက်ပျိုးရေးသင်တန်း (၃) နှစ်

မွေးမြူရေးသင်တန်း (၃) နှစ် တို့ကို သင်ကြားရပါမည်။ 


သင်တန်းကာလ (၃)နှစ် ပြီးမြောက်၍ အောင်မြင်ပါက အခြေခံပညာအထက်တန်း (စိုက်ပျိုးရေး) /အခြေခံပညာအထက်တန်း(မွေးမြူရေး) ပြီးမြောက်ကြောင်း အောင်လက်မှတ် ပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။

- စိုက်ပျိုးရေးအတတ်ပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံ/အစိုးရစက်မှုလက်မှုသိပ္ပံ (Farm Machinery) ပထမနှစ်သင်တန်းများသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်သင်တန်းသို့လည်းကောင်း၊ 


- မွေးမြူရေးအတတ်ပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ/ငါးလုပ်ငန်း သိပ္ပံကျောင်းများ၏ ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းသို့ လည်းကောင်း သက်ဆိုင်ရာကျောင်းများ၏ ဝင်ခွင့်ရွေးချယ်ရေးမူများအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။


အသေးစိတ်သိရှိလိုပါက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၊ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံးများ၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ၀၆၇-၃၄၁၀၂၉၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။






#သိပ္ပံ
#စိုက်ပျိုးရေး
#အထက်တန်း
#သင်တန်း
#မန္တလေး

Some text some message..