ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် SNU မှာ Scholarship နဲ့ ကျောင်းတက်မယ်
edge.com.mm
|
2024-06-25

"University War" ပြိုင်ပွဲမှာ Winner ရခဲ့တဲ့ SNU တက္ကသိုလ်ရဲ့ ဉာဏ်ကြီးရှင်ကောင်လေး (၄) ယောက်ကို မှတ်မိကြသေးလား? သူတို့က မြန်မာလူငယ်တွေကြား တော်တော်လေးရေပန်းစားခဲ့သလို SNU တက္ကသိုလ်မှာ ကျောင်းသွားတက်ချင်တဲ့သူတွေလည်း တော်တော်လေးများခဲ့ပါတယ်။ အခုတော့ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်မယ့် Fully Funded Scholarship အစီအစဉ်ကို မျှဝေပေးချင်ပါတယ်။ 

ဟန်းဂုမြေရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး ဝင်ခွင့်ရဖို့အရမ်းကိုခက်တဲ့ SNU တက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို Fully Funded နဲ့ တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။ SNU မှာ Undergraduate  နဲ့ Graduate အတွက် ဘယ်လို Scholarship အစီအစဉ်တွေ ရှိလဲဆိုတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

>>

https://en.snu.ac.kr/admission/ ဒီနေ့မှာတော့ လတ်တလော လျှောက်ထားလို့ရတဲ့ Graduate Scholarship for Excellent Foreign Students (GSFS) Program အကြောင်း ပြောပြပေးချင်ပါတယ်။ GSFS မှာ Master နဲ့ Ph.d ကြိုက်ရာ Degree Level ကို လျှောက်ထားလို့ရပါတယ်။ အချိန်ကာလကတော့ (၂) နှစ်ဖြစ်ပြီး Semester (၄) ခုတက်ရောက်ရမှာဖြစ်ပါတယ်။ 

ရွေးချယ်တက်ရောက်နိုင်မယ့် Program တွေကတော့ -

- Humanties and Social Sciences

- Natural Sciences

- Engineering

- Medical Sciences

- The Arts တို့ပဲဖြစ်ပါတယ်။ 

လျှောက်ထားသူသည် -

- နိုင်ငံခြားသားဖြစ်ရပါမယ်။ 

- Master တန်းအတွက် Bachelor Degree၊ Ph.d အတွက် Master Degree ရရှိထားသူ ဖြစ်ရပါမယ်။

- ဖွံ့ဖြို့းဆဲနိုင်ငံက ကျောင်းသားတွေကို ပိုပြီးဦးစားပေးပါမယ်။

အကျိုးခံစားခွင့်

- (၂) နှစ်စာအတွက် ကျူရှင်ခကင်းလွတ်ခွင့်

- လစဉ်ထောက်ပံ့ကြေး KRW 500,000

လိုအပ်တဲ့ စာရွက်စာတမ်းများ

- SNU မှ Graduate Program တစ်ခုရဲ့ ဝင်ခွင့်

- Academic Transcripts

- Recommendation letters

- A study plan for the chosen field.

- Proof of language proficiency (e.g., TOEFL, IELTS)

- Research Proposal

- Thesis Proposal for Ph.d 

- National ID

- Passport

Online Application ‌လျှောက်ရန် >>

Online_Application_Guide_Graduate. Application Deadline: July 11, 2024


#ကျောင်းသား
#Scholarship
#University
#ဝင်ခွင့်
#တက္ကသိုလ်

Some text some message..