AI ကိုအခြေခံမှစတင် လေ့လာချင်သူတွေအတွက် Google AI Essentials
edge.com.mm
|
2024-07-01

၂၁ ရာစုရဲ့ လူတိုင်းတက်ထားသင့်တဲ့ Hard Skills တွေထဲမှာ AI Skill ကလည်း လုံး၀ကို မပါမဖြစ် အခရာကျပါတယ်။ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို AI ကိုသာ ကောင်းစွာအသုံးချတတ်မယ်ဆိုရင် မိမိလုပ်ရမယ့်အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်း သက်သာစေပါတယ်။ ဒါကြောင့် သင်က AI အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားမလည်သေးတာမျိုး၊ AI ကို သေချာမခိုင်းတတ်သေးတာမျိုး ဖြစ်နေရင် Google ရဲ့ AI ဂုရုကြီးတွေကိုယ်တိုင် သင်ကြားပေးထားတဲ့ Google AI Essentials Course ကို တက်ရောက်သင့်ပါတယ်။  

AI အကြောင်းကို စိတ်ဝင်စားပေမဲ့ အခြေခံတောင်မရှိသေးဘူးဆိုရင်တော့ Google AI Essentials Course ကို Coursea မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Course ပြီးမြာက်ဖို့အတွက် (၉) နာရီကြာ လေ့လာရမှာဖြစ်ပြီး Assignment (၁၂) ခု ဖြေဆိုပြီးရင် Google ရဲ့ အသိအမှတ်ပြု အောင်လက်မှတ်ကိုပါ ရရှိဦးမှာပါ။ Self-study Course ဖြစ်တဲ့အတွက် မိမိအားတဲ့အချိန်လေးမှာ လေ့လာလို့ရနိုင်တာကြောင့် အလုပ်လည်း ပျက်စရာမလိုပါဘူး။ 

Google AI Essentials Course မှာ အဓိကအနေနဲ့ အိုင်ဒီယာအသစ်တွေ ဖန်တီးနိုင်ဖို့၊ သုတေသနပြုဖို့၊ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့နဲ့ နေ့စဉ်လုပ်ငန်းတွေ အချိန်တိုတွင်း ပြီးမြောက်ဖို့ AI Tools တွေကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာအပြင် အရေးကြီးဆုံးဖြစ်တဲ့ AI ရဲ့ ဘက်လိုက်မှုတွေ၊ အန္တရာယ်တွေကို ရှောင်ရှားပြီး ဆရာကျကျ မေးခွန်းမေးနည်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ 

သူ့ Course မှာ Introduction to AI၊ Maximize Productivity With AI Tools၊ Discover the Art of Prompt Engineering၊ Use AI Responsibly၊ Stay Ahead of the AI Curve ဆိုပြီး Module (၅) ခုပါဝင်ပါတယ်။ 

Introduction to AI
AI ရဲ့ အခြေခံသဘောတရားတွေ၊ AI ရဲ့ လုပ်ဆောင်ပုံတွေကို သင်ယူရမှာပါ။ ဒီ Module ပြီးရင်တော့ သင်က AI tools တွေရဲ့ စါမ်းဆောင်ရည်နဲ့ ကန့်သတ်ချက်တွေကို သဘောပေါက်နားလည်ပြီး AI ကို လုပ်ငန်းခွင်မှာ ဘယ်လိုပေါင်းစပ် အသုံးပြုရမလဲဆိုတာကို သိရှိသွားမှာဖြစ်ပါတယ်။ 

Maximize Productivity With AI Tools
အလုပ်တာဝန်တွေ အချိန်တိုတွင်း ပြီးမြောက်ဖို့ AI Tools တွေရဲ့ အသုံးဝင်ပုံနဲ့ အသုံးပြုပုံတွေကို လေ့လာရမှာပါ။ ဒီ Module ပြီးရင်တော့ သင်က ဘယ်လိုအလုပ်မှာဆို ဘယ် AI tools တွေကို သုံးရမလဲဆိုတာနဲ့ ကိုယ်သုံးလိုက်တဲ့ AI က အလုပ်အတွက် သင့်လျော်မှုရှိ/မရှိဆိုတာ ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ 

Discover the Art of Prompt Engineering
မိမိလိုချင်တဲ့ Output ကို ရဖို့အတွက် ထိရောက်တဲ့ ရေးသားချက်တွေကို ရှင်းရှင်းလင်းလင်း ရေးနိုင်ဖို့ လေ့လာရမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာကို နားလည်သွားပြီဆိုရင် AI အတွက် ရှင်းလင်းတိကျတဲ့ မေးခွန်းတွေ၊ အကြံပြုချက်တွေကို ကောင်းကောင်းရေးတတ်သွားမှာဖြစ်ပြီး လုပ်ငန်းခွင်တာဝန်တွေကို ပြီးမြောက်အောင် ကူညီပေးမယ့် ကျေနပ်စရာကောင်းတဲ့ ရလဒ်တွေကို ရရှိနိုင်မှာပါ။ 

Use AI Responsibly
AI ဆိုတာက လူတွေ ဖန်တီးထားတာဖြစ်တဲ့အတွက် ဘက်လိုက်မှုတွေ၊ အချက်အလက် မှားယွင်းမှုတွေ အနည်းငယ် ရှိနိုင်ပါတယ်။ ဒီလို AI ရဲ့ Security Risks တွေကို လေ့လာနိုင်မယ့်အပြင် ထိခိုက်မှုတွေကို ရှောင်ရှားပြီး AI ကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လို အသုံးပြုရမလဲဆိုတာကို ဒီသင်ခန်းစာကနေ သိရှိခွင့်ရမှာဖြစ်ပါတယ်။ 

Stay Ahead of the AI Curve
AI ရဲ့ တိုးတက်ပြောင်းလဲမှုအပေါ် အမှီလိုက်ပြီး မိမိရဲ့ Skills တွေကိုလည်း အမြဲ Update လုပ်သွားရမှာဖြစ်ပါတယ်။ AI ကို အသုံးချပုံနဲ့ ပတ်သက်ပြီး အသစ်သစ်သော ဆန်းသစ်တီထွင်မှုတွေကို စဉ်းစားနိုင်ရပါမယ်။ ဒီသင်ခန်းစာမှာတော့ အနာဂတ်မှာ ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာဦးမယ့် AI ကို ကောင်းစွာအသုံးချနိုင်မယ့် ဗျူဟာတွေကို ဆက်လက်လေ့လာနိုင်မှာပါ။  

Google AI Essentials Course ကတော့ စျေးနှုန်းအနေနဲ့ $49 (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကျသင့်ပါတယ်။ Free (သို့) Discount နဲ့ သင်ယူခွင့်ရချင်တယ်ဆိုရင်တော့ အောက်က Coursea ရဲ့ Officail Website မှာ Financial Aid လျှောက်လို့ရပါတယ်။ 

>>

https://www.coursera




#မေးခွန်း
#သင်ခန်းစာ
#အလုပ်
#Go
#Introduction

Some text some message..