ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ECCD ဒီပလိုမာသင်တန်း
edge.com.mm
|
2024-07-03

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် Diploma in Early Childhood Care and Development (Dip ECCD) (ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ) သင်တန်းကို  လာမည့် ဇူလိုင်လ (၄) ရက်နေ့မှ စတင်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါသည်။ 

အဆိုပါသင်တန်းကို လျှောက်ထားသူသည် -

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ အသက်ကန့်သတ်ချက်မရှိပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ECCD Center များနှင့် မူကြို ကျောင်းသို့ သွားရောက်၍ လက်တွေ့ ကွင်းဆင်းနိုင်သူဖြစ်ရမည်။   

သင်တန်းပြီးဆုံးပါက Diploma in Early Childhood Care and Development (Dip ECCD) ကို ရရှိပါမည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့၊ သောကြာနေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်းနှင့် ရေဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် စစ်ဆေးပြီး သင်တန်းသားများ လက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။ 

ရေးဖြေစာမေးပွဲကို ဇူလိုင်လ (၁၇) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် နံနက် (၉) နာရီမှ (၁၁) နာရီအထိ ကလေးစိတ်ပညာနှင့် ပတ်သက်သော ဗဟုသုတ ကျွမ်းကျင်မှုတို့ကို ဖြေဆိုရပါမည်။ နှုတ်ဖြေစာမေးပွဲကို ဇူလိုင်လ (၂၄) ရက်နေ့၊  ဗုဒ္ဓဟူးနေ့တွင် နံနက် (၈) နာရီမှ စတင်ပါမည်။ 

သင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ တနင်္လာနေ့မှ ကြာသပတေးနေ့ထိ ညနေ (၅) နာရီမှ (၇) နာရီထိ၊ သောကြာနေ့ ညနေ (၅) နာရီမှ (၆) နာရီထိ တစ်ပတ် (၅) ရက် သွားရောက်တက်ရပါမည်။ သင်တန်းကာလမှာ (၁၀) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ (၄) သိန်းကျပ် ဖြစ်ပါသည်။






#ပညာရေး
#ရန်ကုန်
#သင်တန်း
#ပညာရေးတက္ကသိုလ်
#ဒီပလိုမာ

Some text some message..