
အရင်တစ်ခေါက် Newsletter တုန်းက လက်ရှိ မြန်မာနိုင်ငံမှ ကျောင်းသားအများစု အတက်များနေတဲ့ Course တွေကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲကမှ နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းပညာရေး အောင်လက်မှတ်ဖြစ်တဲ့ GED ပညာရေးနဲ့ ပတ်သက်ပြီး တက်ရောက်နိုင်တဲ့ ကျောင်းတွေကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ရှာဖွေစုံစမ်းလို့ရအောင် တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ပါတယ်။
GED ပညာရေးဆိုတာဘာလဲ?
မြန်မာနိုင်ငံကနေ ပြည်ပမှာ ပညာဆက်လက် သင်ကြားဖို့ရာ ရွေးချယ်နိုင်တဲ့ ပညာရေးလမ်းကြောင်း များစွာရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီထဲကမှ မိဘနဲ့ ကျောင်းသားတွေကြား ရေပန်းစားနေတဲ့ GED (General Education Development) ဆိုတာကတော့ အမေရိကန်နိုင်ငံအသိအမှတ်ပြု အထက်တန်းပညာရေး ဒီပလိုမာအောင်လက်မှတ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အထက်တန်းမပြီးဆုံးသေးတဲ့ ကျောင်းသား/ကျောင်းသူများအနေနဲ့ အစားထိုးဖြေဆိုနိုင်တဲ့ စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။
GED ကို ဘယ်သူတွေတက်ရောက်နိုင်လဲ?
- အနည်းဆုံး အသက် (၁၆) နှစ်ရှိပြီး (၈) တန်း၊ (၉) တန်းအောင်မြင်ထားသူများ
- တက္ကသိုလ်ဝင်တန်း မဖြေဆို၊ မအောင်မြင်သေးသူများ
- အချိန်တိုတိုအတွင်း နိုင်ငံတကာအသိမှတ်ပြု အထက်တန်းအောင်လက်မှတ် ရရှိလိုသူများ
- နိုင်ငံတကာပညာရေးကို ဆက်လက်လျှောက်လှမ်းလိုသူများ တက်ရောက်နိုင်ပါတယ်။
GED မှာ သင်ကြားရမယ့် ဘာသာရပ်များ
GED အောင်လက်မှတ်ကို ရရှိဖို့ဆိုရင်တော့ ကျောင်းသားများအနေနဲ့ သတ်မှတ်ထားတဲ့ ဘာသာရပ် (၄) ဘာသာကို ဖြေဆိုရမှာပါ။ ဖြေဆိုရမယ့် ဘာသာရပ်တွေကတော့ အထက်တန်းကျောင်းရဲ့ သင်ရိုးထဲကမှ အဓိကဘာသာရပ်ကြီးတွေဖြစ်တဲ့ Language Arts, Maths, Social Studies နဲ့ Science တို့ပဲ ဖြစ်ပါတယ်။
GED အားသာချက်
GED ပညာရေးဟာ အချိန်တိုတိုအတွင်းမှာ ရရှိနိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အထက်တန်းကျောင်း အောင်လက်မှတ်တစ်ခုဖြစ်တဲ့အပြင် ကုန်ကျစရိတ်အနည်းဆုံးနဲ့ သင်ကြားနိုင်တဲ့ ပညာရေးလမ်းကြောင်းတစ်ခုပါ။ မိမိလေ့လာနိုင်စွမ်းပေါ်မူတည်ပြီး အချိန် (၄) လ၊ (၆) လလောက်ယူပြီးတာနဲ့ အဆင်ပြေတဲ့အချိန်ရွေးပြီး GED Approved Test Center တွေမှာ Register လုပ်ပြီး ဖြေဆိုလို့ရပါတယ်။
GED အားနည်းချက်
GED ဟာ အမေရိကန်နိုင်ငံ အသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့အတွက် များသောအားဖြင့် အမေရိကန်၊ ကနေဒါ၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်တို့ရဲ့ တက္ကသိုလ်၊ ကောလိပ်တို့မှာ ရွေးချယ်တက်ရောက်နိုင်ပေမဲ့ ဥရောပနိုင်ငံတွေနဲ့ ကိုရီးယားနိုင်ငံမှာတော့ GED အောင်လက်မှတ်ကို လက်ခံတဲ့ကျောင်းတွေ တော်တော်ရှားပါတယ်။ ဒါကြောင့် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်၊ ကောလိပ်က GED စာမေးပွဲရလဒ်ကို အသိမှတ်ပြု/မပြု၊ လက်ခံ/မခံကို ကြိုတင်စုံစမ်းထားသင့်ပါတယ်။
GED လက်ခံတဲ့ ပြည်ပတက္ကသိုလ်များ
>>
https://www.edge.com.mm/article/ged-accept-universities.html
GED Course တက်ရောက်နိုင်သော ရန်ကုန်မြို့ရှိ ကျောင်းများ -
မြန်မာနိုင်ငံမှာ GED ပညာရေးကို ကျောင်းသားတွေရော၊ မိဘတွေပါ ထည့်သွင်းစဉ်းစားလာကြပြီး GED Course ကို သင်ကြားပေးနေတဲ့ Online သင်တန်းတွေ၊ On-Campus ကျောင်းတွေလည်း အများအပြား ထွက်ပေါ်လာပါတယ်။ ဒါကြောင့် အောက်မှာ ရန်ကုန်မြို့ရှိ GED Course သင်ကြားပေးနေတဲ့ ကျောင်းတချို့ကို ကောက်နုတ်ဖော်ပြပေးထားပါတယ်။
STI Myanmar University
KBTC University
Crown Education and Royal Academic Institute
YIUS Institute
MSI Academy Education Centre
GED Online Study Guide
Successful Education
ACE Academy
My Edu ပညာရေးဝန်ဆောင်မှု
BEAM Education Foundation
Luz Myanmar College
Myanmar Ivy College of Business and Technology
Edu Hub
AKI College
University of Taxila
Start Up Learning Centre
Genesis Education & Language Center
James ED
YES Home Academy
Paradigm Learning Center
Thrive with Peace Learning Institute
SCBI - Stamford -CIty Business Institute
Speakeasy Institute
Learning Zone Academy
Billionaire Education Center
Eulogia International School
Myanmar IGCSE and GED Academy
Dream Road International Education
Legacy International School
Seeds Education Academy
GED ပညာရေးကို စိတ်ဝင်စားပါက အထက်ဖော်ပြပါ နိုင်ငံတကာ ကျောင်းတွေမှာ အတန်းအချိန်၊ သင်တန်းကာလနဲ့ သင်တန်းကြေးတွေကို သွားရောက်စုံစမ်းနိုင်ပါတယ်။