
လာမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်ပါမည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှာ စတင်ကျင်းပသည့် စနစ်သစ် (Grade-12) အဆင့် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်တွင် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများအနေဖြင့် အောက်ဖော်ပြပါ စနစ်သစ် ဘာသာတွဲများအနက် (၁) ခုကို ရွေးချယ် လျှောက်ထားနိုင်ပါသည်။

Source - မြန်မာနိုင်ငံစာစစ်ဌာန