တက္ကသိုလ်ဝင်တန်းအမှတ် (၃၂၀) ကျော်ရင် လျှောက်ထားနိုင်တဲ့ ဥပဒေဘွဲ့သင်တန်းများ
edge.com.mm
|
2024-07-26

ဥပဒေပညာရပ်ကို လေ့လာလိုသူများအနေဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် အွန်လိုင်းမှတဆင့် သင်ကြားပို့ချမည့် ဥပဒေဘွဲ့ LLB သင်တန်းနှင့် BA (Law) သင်တန်းတို့ကို ဩဂုတ်လဆန်းတွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါသည်။ 

ဥပဒေဘွဲ့ Bachelor of Legislative Law - LLB (၅) နှစ် သင်တန်းကို တက္ကသိုလ်ဝင်တန်းအမှတ် စုစုပေါင်း (၃၅၀) နှင့်အထက် ရရှိသူများ (သို့) ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်း စတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ဖြစ်ပြီး လာမယ့် ဩဂုတ်လ (၉) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပါသည်။ 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏

https://law.hrd.yude.edu.mm သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Registration ပိတ်ပါမည်။ Online Refistration အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား Email ဖြင့် အကြောင်းကြားပေးမည်ဖြစ်သည်။ 

ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) BA (Law) (၄) နှစ် သင်တန်းကို တက္ကသိုလ်ဝင်တန်းအမှတ် စုစုပေါင်း (၃၂၀) နှင့်အထက် ရရှိသူများ (သို့) ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်း စတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ဖြစ်ပြီး လာမယ့် ဩဂုတ်လ (၁၁) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပါသည်။ 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏

https://law.hrd.yude.edu.mm သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Registration ပိတ်ပါမည်။ Online Refistration အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား Email ဖြင့် အကြောင်းကြားပေးမည်ဖြစ်သည်။ 

သင်တန်းနှင့်ပတ်သတ်၍ အသေးစိတ်စုံစမ်းလိုပါက ဖုန်း-၀၁-၅၃၆၅၈၁၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၁၆၄ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။ လူကိုယ်တိုင် စုံစမ်းလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ် (၄၇-က၊ အင်းယျာလမ်း၊ ကမာရွတ်မြို့နယ်)၊ ဥပဒေပညာဌာန၊ သထုံလမ်းသို့ သွားရောက်မေးမြန်းနိုင်ပါသည်။  






#ရန်ကုန်
#ဥပဒေ
#သင်တန်း
#တက္ကသိုလ်ဝင်တန်း
#တက္ကသိုလ်

Some text some message..