
နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်တွေထဲမှာ အောင်လေးကလည်း ထိပ်ဆုံးက ပါဝင် နေပါတယ်။ဆွဲဆောင်ရှိတဲ့အပြုံးလေးတွေနဲ့ ညို့အားပြင်းမျက်ဝန်းတစ်စုံကြောင့် မိန်းကလေးပရိသတ်တော်တော်များများအသည်းစွဲ မော်ဒယ်လ်မင်းသားလေးဖြစ်နေတာပါ ။ အမိုက်စားဘော်ဒီကြွက်သားတွေ တက်တူးတွေကလည်း ပျိုမေတိုင်းကြွေလောက်တဲ့ အောင်လေးရဲ့ ထူးခြားချက်တွေလို့ဆိုရပါမယ်နော်။
အရင်က အောင်လေးတစ်ယောက် သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ ကလပ်တွေဘားတွေသွားတတ်ပေမယ့် အခုလတ်တလောမှာတော့ ” ဘာလိုလိုနဲ့အရက်မမူးကလပ်မတက်ဖြစ်ခဲ့တာတောင်၆ လပြည့်ခဲ့ပြီ ကိုကြီးကတည်ငြိမ်ခဲ့ပြီ အယ်လယ် ငါကွ ” ဆိုတဲ့စာသားနဲ့အတူ အရင်လိုမဆိုးတော့ပဲတည်ငြိမ်တဲ့ ကိုကြီးဖြစ်နေပြီ လို့ ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးလိုက်တာပါ ။ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကတော့ အောင်လေးရဲ့ ပို့စ်အောက်မှာ မယုံဘူးဆိုပြီး စနောက်ပြီး မှတ်ချက်တွေပေးနေကြတာတွေ့ရပါတယ် ။
အောင်လေးကတော့ အရွယ်သုံးပါးမရွေးတဲ့ ပျိုမဒီတို့နှစ်သက်သဘောကျအားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။တည်ကြည်ခန့်ငြားပြီး စမတ်ကျကျနေတက်တဲ့ အောင်လေးရဲ့ အမိုက်စား စတိုင်ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေရင်ထဲကို ပစ်ခွင်းတဲ့မြှားလေးတစ်စင်းလိုပါပဲနော်။ အခုတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးတစ်ယောက် လိမ္မာနေပါပြီတဲ့ ။
Source : Aung Lay
Emily ( Cele Gabar )