ချစ်သမီးလေးနှစ်ယောက်နဲ့ပျော်ရွှင်ကြည်နူးစွာ သီဆိုဖျော်ဖြေခဲ့ရတဲ့အကြောင်း ပြန်လည်မျှဝေလိုက်တဲ့ကော်နီ
celegabar.com
|
2020-03-02

မြန်မာနိုင်ငံမှာတော့ အဆိုတော်ကော်နီလို့ဆိုရင် မသိသူမရှိလောက်အောင် အောင်မြင်တဲ့အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။အနုပညာသက်တမ်းနှစ်များစွာရှိပြီဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။




ခပ်ဟော့ဟောစတိုင်ရှိသလို အသံအားကောင်းကောင်းနဲ့ပရိသတ်ရင်ထဲစွဲထင်ကျန်စေမယ့် သီချင်းပေါင်းများစွာကို သီဆိုခဲ့တဲ့ကော်နီဟာ အခုလိုတစ်ကျော့ပြန်ပြီး တေးသီချင်းတွေဆိုချိန်မှာလည်း ပရိသတ်တွေရဲ့အားပေးမှုကိုအံ့သြစရာကောင်းလောက်အောင်ရရှိနေတုန်းလို့ဆိုရမှာပါ။အခုဆိုရင်လည်း ဂီတလောကကိုစတင်ဝင်ရောက်လာပြီဖြစ်တဲ့ တက်သစ်စလေးတွေနဲ့ သီဆိုခဲ့ရတာကို ပျော်ရွှင်တဲ့အကြောင်း တင်ထားပါသေးတယ်။




ကော်နီကတော့ နေပြည်တော်ပွဲက ဖျော်ဖြေမှုမှာ ကြည်နူးပျော်ရွှင်ခဲ့ရကြောင်းကို “နေပြည်တော်မှာ,ခလေးနှစ်ယောက်နဲ့ပျော်တဲ့ည ဆေး,သီချင်းလေးကို,ချစ်ညီမဂျူးဂျူးကေ,ရဲ့,တယောလက်သံလေးနဲ့ဆိုခဲ့ရတာအမှတ်တရရှိခဲ့သလို,ငယ်ငယ်ထဲက,ကိုယ်ချီပိုးခဲ့ရတဲ့,ချစ်သမီးလေးနှစ်ယောက်နဲ့,သီဆိုခဲ့ရတာလည်း,ပျော်ရွှင်ကြည်နူးစရာပါ”လို့ရေးသားထားပြီး အေးမြဖြူနဲ့ချမ်းမြေ့မောင်ချို့တို့နဲ့အတူရိုက်ထားတဲ့ပုံလေးကိုလည်း တင်ပေးထားခဲ့ပါတယ်။ဂီတလောကကိုစတင်ဝင်ရောက်လာတဲ့ကလေးတွေကိုလည်း လက်တွဲခေါ်ပေးတဲ့စိတ်သဘောထားပြည့်ဝတဲ့ ကော်နီကတော့ပရိသတ်တွေရဲ့အချစ်တွေကို ရရှိဦးမှာပါပဲနော်…..
Source : TunConnie
PanKyarWutHmone – CeleGabar


#ကော်နီ
#ပရိသတ်
#ဂျူး
#ချီပိုး
#ဂီတ

Some text some message..