အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုရှင်မလေး ပန်းရောင်ချယ်ရဲ့ ဖက်ရှင်လေးတွေ
mystylemyanmar.com
|
2020-03-02

အားလုံးပဲမင်္ဂလာပါနော်။ ပန်းရောင်ချယ်ကိုတော့ အားလုံး ရင်းနှီးကြမှာပါ။




အဆိုတော် ဂရေဟမ်ရဲ့ သမီးလေးဖြစ်ပြီး အဖေ့လိုပဲ အနုပညာအလုပ်ကို ဝါသနာပါသူဖြစ်ပါတယ်။




ဆံပင်အထူကြီး၊ အရှည်ကြီးနဲ့ အရမ်းကို ချစ်စရာကောင်းသူလည်းဖြစ်ပါတယ်။

ပန်းရောင်ချယ်ကတော့ အဖေဖြစ်သူနဲ့အတူ တွဲထုတ်ထားတဲ့ Wake Up Daddy ဆိုတဲ့ ပွဲဦးထွက်အယ်လ်ဘမ်လေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်လာခဲ့သူပါ။

ပန်းရောင်ချယ်ကို ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။




စန္ဒယားနဲ့ ဂစ်တာ တီးတာလည်းအရမ်းကောင်းသလို သီချင်းဆိုတာလည်း အသံချိုချိုလေးနဲ့အရမ်းကိုလိုက်ဖက်ပါတယ်။




၂၀၁၈ မှာတော့ Butterflies ဆိုတဲ့ Single သီချင်းလေးထွက်ရှိထားပြီး နောက်ထပ် တစ်ကိုယ်တော်အခွေထွက်ဖို့လည်း ကြိုးစားနေပါတယ်နော်။

ပန်းရောင်ချယ်ရဲ့ ဖက်ရှင်လေးတွေက အမြဲတမ်းချစ်စရာကောင်းနေသလို၊ ယဉ်ယဉ်လးနဲ့လည်း အရမ်းကြည့်လို့လှပါတယ်။




ပန်းရောင်ကိုချစ်တဲ့သူတွေအတွက် ပန်းရောင်ချယ်ရဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။



























Photo Credit: Pan Yaung Chel Facebook Page


The post

အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုရှင်မလေး ပန်းရောင်ချယ်ရဲ့ ဖက်ရှင်လေးတွေ appeared first on

MyStyle Myanmar .


#ဖက်ရှင်
#စန္ဒယား
#အဆိုရှင်
#ဂစ်တာ
#အယ်လ်ဘမ်

Some text some message..