ဖြိုးပြည့်စုံကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းကောင်းလေးတွေကို ဖန်တီးရင်း ဖျော်ဖြေပွဲတွေကို မနားမနေဖျော်ဖြေပေးနေခဲ့ရတဲ့ အထိကို အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ ဖြိုးပြည့်စုံက တစ်ယောက်အနေနဲ့အပါအဝင်ပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ဖြိုးပြည့်စုံက အလုပ်တွေရှုပ်နေတဲ့ကြားကနေ အလုပ်လေးတွေဖျက်ပြီး ကြိုးစားစီစဉ်ထားတဲ့ ဗုဒ္ဓဂယာခရီးစဉ်လေးရွှေ့ဆိုင်းခဲ့ရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေဖော်ပြလာခဲ့ပါတယ်။ “Covid – 19 ကြောင့် ကျွန်တော်တို့ မတ် (၂၇) ကနေ ဧပြီ (၇)ထိ စီစဉ်ထားတဲ့ ဗုဒ္ဓဂယာ (၁၂) ရက် ခရီးစဉ်လေး ရွှေ့ဆိုင်းလိုက်ရပါတယ်”ဆိုပြီး စိတ်မကောင်းဖြစ်စွာနဲ့ ဖော်ပြလာခဲ့တာပါ။
အလုပ်လေးတွေ ဖျက်ပြီးကြိုးစား စီစဉ်ထားကြပေမဲ့ အခြေနေမပေးသေးလို့ နောက်တခါအတွက် ထပ်မျှော်လင့်ကြရပါဦးမယ် လို့လည်း အားမလျော့ဘဲ နောက်တစ်ကြိမ်ထပ်မျှော်လင့်နေတဲ့ အကြောင်းကိုလည်း ပြောထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေဖြိုးပြည့်စုံကတော့ လတ်တလော ဗိုင်းရပ်စ်ပျံ့နှံနေခဲ့တာကြောင့်ခက်ခက်ခဲခဲစီစဉ်ထားရတဲ့ ခရီးစဉ်လေးရွှေ့ဆိုင်းလိုက်ရတာ စိတ်မကောင်းစရာပါပဲနော်။
Chilli – CeleGabar
Source – Phyo Pyae Sone