ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီး စာရင်းဝင်နေတဲ့ မင်းသမီး ၅ ဦး
myanmaplatform.com
|
2020-03-12



မြန်မာ့ပလက်ဖောင်းရဲ့ ပရိသတ်တွေထဲမှာ ကိုရီယားရုပ်ရှင်တွေဒရာမာတွေကို ကြည့်ရတာ နှစ်သက်တဲ့ သူတွေ ရှိမယ်ထင်ပါတယ် ။ ကိုရီးယားရဲ့ ရုပ်ရှင်လောကနှင့် ကေပေါ့လောကဟာ အခုချိန်မှာ တော့ ကမ္ဘာကျော်တဲ့ အထိကို အောင်မြင်နေပြီပဲ ဖြစ်ပါတယ် ။ ကိုရီးယားရုပ်ရှင်လောကဟာ သရုပ်ဆောင်တွေ ရဲ့ အနုပညာထူးချွန် မှုကြောင့် ကျော်ကြားတဲ့ အပြင် မင်းသမီးတွေရဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာလေးတွေနှင့် ခန္ဓာကိုယ်ကြောင့် လည်း ကျော်ကြားတာပါ ။ အခုတစ်ခေါက်မှာ တော့ ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီး စာရင်းဝင်နေတဲ့ ကိုရီးယားမင်းသမီး ၅ ဦးကို ဖော်ပြပေးချင်ပါတယ် ။ ပရိသတ်တွေ ချစ်ရတဲ့ မင်းသမီးတွေ ဘယ်သူတွေ ပါဝင်လည်းဆိုတာကို ဆက်လက်ဖတ်ရှုလိုက်ရအောင်နော် ။

၁ ။ ဆောင်းဟေကို




နံပါတ် ၁ နေရာမှ ရှိနေတဲ့ ဆောင်းဟေကို ရဲ့ အလှအပကိုတော့ ပရိသတ်တွေလည်း လက်ခံကြမယ်ထင်ပါတယ် ။ မြောက်များစွားသောရုပ်ရှင်ကားပေါင်းများစွာကို ထူးချွန်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဆောင်းဟေကိုဟာ ကိုရီယားနိုင်ငံရဲ့ အလှဆုံးစာရင်းဝင် မင်းသမီး တစ်ဦးပါ ။

၂ ။ ဆုန်းဂျီဟို




ကမ္ဘာကျော် ရုပ်သံရှိုးတစ်ခု ဖြစ်တဲ့ ရန်းနင်းမန်း ရဲ့ ပင်တိုင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဆုန်းဂျီဟို ကတော့ အလှဆုံးစာရင်းမှာ နံပါတ် ၂ နေရာမှာ ရပ်တည်နေတာပါ ။ ရန်းနင်းမန်းရဲ့ အပိုင်းအချို့မှာ မိတ်ကပ်လုံးဝလိမ်းခြယ်ခြင်း မရှိဘဲ ပါဝင်ခဲ့တဲ့ ဆုန်းဂျီဟိုဟာ သဘာဝအတိုင်းတောင် လှပနေသူပါ ။

၃ ။ ကင်ယူဂျွန်း




တက်သစ်စ မင်းသမီးတစ်ဦးတစ်ဖြစ်လည်း နာမည်ကျော် ကလေးသရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ကင်ယူဂျွန်းဟာ အပြစ်ပြောစရာမရှိဘဲ ဖြူစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးပါ ။ ကိုရီယားနိင်ငံရဲ့ နတ်သမီးလေးတစ်ဦးလို့လည်း တင်စားခြင်းကို ခံထားရသူပါ ။

၄ ။ပါ့ခ်ရှင်ဟေး




နာမည်ကျော် ရုပ်ရှင် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကလေးသရုပ်ဆောင် အဖြစ်လည်း အောင်မြင်ခဲ့သူပါ ။ သူမဟာ အရွယ်နှင့် မလိုက်အောင် နုပျိုပြီး ငယ်ရွယ်တဲ့ အသွင်နှင့် ပန်းလေးတစ်ပွင့် လို လှပနိုင်သူလေးပါ ။

၅ ။ ဟန်ဟိုဂျူး




သွယ်လျတဲ့ ခန္ဓာကိုယ် ၊ မြင့်မားတဲ့ အရပ်တို့နှင့် အတူ ကြည်လင်ရှင်းတောက်နေတဲ့ ဟန်ဟိုဂျူးရဲ့ အလှအပတွေကို တော့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပရိသတ်တွေ ကိုယ်တိုင် သတိထားမိမှာပါ ။ဟန်ဟိုဂျူးရဲ့ ဆွဲဆောင်မှုကတော့ တည်တည်တံ့တံ့နေချိန်မှတောင် ပြုံးရောင်သန်းနေတဲ့ နှုတ်ခမ်းတစ်စုံပါ ။


#မင်းသမီး
#ရုပ်ရှင်
#သရုပ်ဆောင်
#ကိုရီးယား
#ထူးချွန်

Some text some message..