အသက်(၁၀)နှစ်အရွယ်တောင်ရောက်ရှိလာပြီဖြစ်တဲ့ ကျော်ကျော်ဗိုလ်ရဲ့သမီးချောလေး ပိုင်သူခ
celegabar.com
|
2020-03-21



နိုင်ငံကျော်မင်းသားချော ကျော်ကျော်ဗိုလ်ရဲ့ တစ်ဦးတည်းသောချစ်သမီးချောလေး ပိုင်သူခ ကတော့ မတ်လ(၂၁)ရက်နေ့ဖြစ်တဲ့ ယနေ့မှာတော့ အသက်(၁၀)နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။ သမီးလေးပိုင်သူခ ကတော့ သီချင်းဆိုရာမှာပါရမီပါသူတစ်ယောက်ဖြစ်ပြီး မကြာသေးမီကမှ နိုင်ငံခြားသူနဲ့တစ်ယောက်နဲ့နိုင်ငံကျော်အဆိုတော် Kiesza ရဲ့ Hideaway သီချင်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန် သီဆိုမှုကတော့ ပရိသတ်တွေရဲ့ ကြည့်ရှုအားပေးမှု အခိုင်အမာရရှိခဲ့ပါသေးတယ်။




ကျော်ကျော်ဗိုလ်ကတော့ သမီးလေးပိုင်သူခရဲ့ သီချင်းဆိုစွမ်းရည်တွေကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရပြီး ယနေ့မှာကျရောက်တဲ့ သမီးလေးမွေးနေ့ကိုတော့ “ကျွန်တော် ဘဝရဲ့အစစအရာရာကို တစ်ဦးတည်းသော စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ကျွန်တော့် ချစ်သမီးလေး ပိုင်သူခ @ Ike (10) နှစ်ပြည့်မွေးနေ့မင်္ဂလာမှသည် ယဉ်ကျေးလိမ္မာ၍ တတ်သိထူးချွန် ထက်မြက်ကျန်းမာ သော သမီးလေးဖြစ်ပါစေကြောင်း.. # ဖေဖေရေ ဖေဖေ့ မြေး (10) နှစ်ပြည့်ပြီဗျ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မွေးနေ့ဆုမွန်ကောင်း တောင်းထားပါသေးတယ်။ နိုင်ငံကျော်အနုပညာမျိုးရိုးရှိပြီး အနုပညာအမွေတွေဆက်ခံကာ အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ ကျော်ကျော်ဗိုလ်ကတော့ အနုပညာအမွေတွေကို ဆက်လက်ထိန်းသိမ်းသွားမယ့် သမီးလေးကြောင့် ဂုဏ်ယူဝမ်းသာနေတာလည်းဖြစ်ပါတယ်။




CeleGabar ပရိသတ်ကြီးရေ သရုပ်ဆောင်အရည်အချင်း မှာသာမက ဟာသညဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိမ့်များတွင်လည်း ပင်တိုင်လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသားချော ကျော်ကျော်ဗိုလ်ရဲ့ တစ်ဦးတည်းသောချစ်သမီးချောလေး ပိုင်သူခကတော့ အသက်(၁၀)အရွယ်တောင်ရောက်ရှိလာပြီလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သမီးလေး ပိုင်သူခကို မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးခဲ့ကြဦးနော်။



Source: Kyaw Kyaw Bo
DarDar-CeleGabar


#သမီးလေး
#မွေးနေ့
#ဗိုလ်
#အမွေ
#သီချင်းဆို

Some text some message..