မိုးစက်ဝိုင်ကတော့ အလှမယ်ပြိုင်ပွဲတွေကိုမြန်မာနိုင်ငံကပြန်လည်ယှဉ်ပြိုင်ချိန်မှာ မြန်မာနိုင်ငံရဲ့မယ်စကြဝဋ္ဌာတစ်ယောက်အဖြစ်ကိုယ်စားပြုခွင့်ရခဲ့သူပါ။အလှမယ်၊မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဒါ့အပြင် ပရဟိတအလုပ်တွေလည်း လုပ်လေ့ရှိတာကြောင့် အချင်းရောအဆင်းပါပြည့်စုံသူတစ်ယောက်လို့ဆိုရမှာပါ။
သူဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီးထက်မြက်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာရှားပါးလှတဲ့ အရပ်မြင့်မြင့်မော်ဒယ်လ်တွေထဲကတစ်ယောက်ပါ။မိုးစက်ရဲ့အရပ်ကတော့ ၅ ပေ ၁၀ လက်မရှိပြီး အချိုးအစားကျတဲ့ခန္ဓာကိုယ်ရှိတာပါ။မိုးစက်ကတော့ ဘယ်သူနဲ့ပဲယှဉ်ယှဉ်မြင့်မားတဲ့အရပ်ကသိသာလွန်းနေတာပါ။ဒီနေ့မှာတော့ မိုးစက်ထက်အရပ်ရှည်တဲ့ မော်ဒယ်လ်ကောင်လေးကြောင့် ပုပြီးသေးသွားတယ်လို့ ခံစားရကာ ပျော်နေတာပဲဖြစ်ပါတယ်။
အဲ့ဒီအကြောင်းကိုတော့ ပုံလေးနဲ့တကွတင်ပြီးပုပြီးသေးသွားတဲ့ “ပုၿပီးေသးသြားတဲ့ ဖီးလင်လေးက… ပျော်လိုက်တာ..မောင်လေးထက်ဦးထွဠ် နဲ့ ဒီနေ့ သီချင်း တပုဒ် MV ရိုက်ဖြစ်ပါတယ်” လို့ ရေးသားထားတာပါ။မိုးစက်ဝိုင်နဲ့ယှဉ်ရပ်လိုက်တဲ့အချိန်မှာများစွာကွာခြားနေတဲ့ မော်ဒယ်လ်မင်းသားလေးကတော့ ထက်ဦးထွဋ်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာဆုတွေရထားသူတစ်ယောက်ပါ။တကယ့်ကို International မှီတဲ့အရပ်အမောင်းတွေကိုပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးကတော့ MV ထဲမှာအရမ်းကိုလိုက်ဖက်နေတော့မှာ အသေအချာပါပဲနော်…
Source:Moesetwine,wiki