ပရိသတ်တွေနဲ့အတူ တည်နေတဲ့ နဂါးရုံဘုရားပြီးစီးသွားလို့ ကြည်နူးပီတိဖြစ်နေတဲ့ စံရတီမိုးမြင့်
celegabar.com
|
2020-03-23



ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ လတ်တလောမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ သူ့ရဲ့ပရိသတ်တွေနဲ့ အတူတူ လှူထားတဲ့ နဂါးရုံဘုရားကြီး တည်လို့ ပြီးစီးသွားတဲ့ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်နေခဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေဖော်ပြလာခဲ့ပါတယ်။ နဂါးရုံဘုရားကြီးကိုတော့ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ လှရတနာမြေဇင်းတောရ မှာ တည်ထားတာပဲဖြစ်ပါတယ်။




နဂါးရုံ ဘုရားကြီးက မင်းသမီးချောလေး စံရတီမိုးမြင့်နဲ့ အတူ ထိုင်းနိုင်ငံမှာ ရှိတဲ့ စံရတီမိုးမြင့်ရဲ့ မိတ်ဆွေ ပရိသတ်တွေနဲ့ အတူ (၇)ရက်သားသမီး စုပေါင်းလှူဒါန်းထားဖြစ်ပြီး စံရတီမိုးမြင့်ကတော့ အခုလို လှူဒါန်းရတဲ့ ကောင်းမှုရဲ့ အဖို့ဘာဂကို (၇)ရက် (၈)နေ့နံ သားသမီးတွေ အားလုံး အခုကျရောက်နေတဲ့ ကမ္ဘာ့ကပ်ဆိုးကြီးကနေ ကင်းဝေကြပါစေဖို့ကိုလည်း တောင်းဆုပြုထားပါသေးတယ်။ ပရိသတ်တွေအားလုံးလည်း ကောင်းမှုအဖို့ဘာဂကို ထပ်တူထပ်မျှကုသိုလ်ရကြပါစေလို့လည်း မျှဝေထားပါသေးတယ်။




ပရိသတ်တွေကတော့ စံရတီမိုးမြင့်နဲ့ သူ့ရဲ့ ပရိသတ်တွေစုပေါင်းတည်ထားတဲ့ နဂါးရုံဘုရားကြီးက တကယ်သက်ရှိနဂါးတစ်ကောင်ရုံထားသလို အသက်ဝင်ပြီး သပ္ပာယ်လွန်းလှတာကြောင့် ကြည်ညိုဖွယ်ကောင်းလှပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဖူးမျော်လို့ရအောင် နဂါးရုံဘုရားကြီးရဲ့ပုံတော်လေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။



Chilli – CeleGabar
Source – San Yati Moe Myint


#နဂါးရုံဘုရား
#စံရတီမိုးမြင့်
#ပရိသတ်
#ပြင်စာ
#မင်းသမီး

Some text some message..