သူငယ်ချင်းဖြစ်သူ ယုန်လေးအတွက် စိတ်မကောင်းဖြစ်နေရပြီး နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်လာတဲ့ ထူးခြားရဲ့ ဗီဒီယိုဖိုင်
mmload.com
|
2020-08-06



ပရိသတ်ကြီးရေ.. အဆိုတော်ယုန်လေးရဲ့ ဖန်တီးတင်ဆက်မှုတွေထဲက တစ်ခုဖြစ်တဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” သီချင်း MTV လေးကတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၄)ရက်နေ့ကစပြီး ယနေ့အချိန်ထိ ပရိသတ်တွေကြား ဝေဖန်မှုတွေနဲ့ လူပြောများနေပါတယ်နော်..။

သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဆန္ဒစောပြီး ဖန်တီးတင်ဆက်မှုတွေ မှားယွင်းခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးအတွက် သရုပ်ဆောင်ထူးခြားကလည်း ကိုယ်စား တောင်းပန်လာပါတယ်နော်..။

သူငယ်ချင်းဖြစ်သူ ယုန်လေးအတွက် စိတ်မကောင်းဖြစ်ရပြီး မရည်ရွယ်ဘဲဖြစ်သွားခဲ့ရတဲ့ မှားယွင်းတင်ဆက်မှုတွေကိုလည်း ခွင့်လွှတ်နားလည်ကာ ကျေအေးပေးကြဖို့ ပရိသတ်တွေနဲ့အနုပညာရှင်တွေ အားလုံးကို တောင်းပန်စကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်နော်..။

ထူးခြားကတော့ အရင်ကလည်း NLD ကိုပဲ အားပေးခဲ့ပြီး အခုလည်း NLD ကိုပဲ မဲပေးသွားမှာဖြစ်သလို ယုန်လေးရဲ့သီချင်း MTV နဲ့ ပတ်သက်ပြီး အနုပညာရှင်တွေ ဝေဖန်နေကြတဲ့အပေါ်မှာလည်း တစ်ဖက်ကကြည့်ရင် လက်ဖဝါး၊ တစ်ဖက်ကကြည့်ရင် လက်ဖမိုး ဖြစ်နေတာပါဆိုပြီး သူငယ်ချင်းကိုယ်စား တောင်းပန်ထားတာပါ.။

“ကျွန်တော်သူငယ်ချင်းယုန်လေးက စိတ်ကောင်းလည်း ရှိပါတယ် စိတ်ဓာတ်လေးကောင်းပါတယ် သူအနုပညာကိုရူးသွပ်တယ် သူစဉ်းစားထားတဲ့ အပိုင်းတွေအများကြီးထဲကမှ သူရိုက်ချင်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို သူဖန်တီးလိုက်တယ်လို့ပဲ သဘောထားပေးကြပါလို့ အားလုံးကို ကျွန်တော်အဲ့လို့ တောင်းပန်ချင်ပါတယ် ဘာပဲဖြစ်ဖြစ်ဗျာ သူရိုးသားလိမ့်မယ်လို့ ကျွန်တော်ကတော့ အာမခံပါတယ် ..” ဆိုပြီး ထူးခြားက ပြောပြထားတာပါ..။

အားလုံးထင်နေကြသလို ရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်းလေးကို ရှင်းလင်းပြောပြရင်း သူငယ်ချင်းဖြစ်သူ ယုန်လေးကိုယ်စား တောင်းပန်စကားလေးဆိုထားတဲ့ ထူးခြားရဲ့ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။


#သူငယ်ချင်း
#MTV
#သီချင်း
#လက်ဖမိုး
#အနုပညာရှင်

Some text some message..