ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကကို ရောက်ရှိလာပြီး ယနေ့ထိလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စား ကောက်ကြောင်း အလှတရားတွေကြောင့် ပုရိသတွေ ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ်။ ဝါဆိုဟာ ခေတ်ရှေ့ပြေးဖက်ရှင်တွေကို လိုက်ဖက်အောင် ဝတ်စားတတ်တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။
ဝါဆိုသာမကဘဲ သူမရဲ့ ညီမလေးတွေကလည်း အရမ်းကိုချောမောပြီး ချစ်စရာကောင်းတာကြောင့် အားလုံးက ချစ်နေကြတာလည်း ဖြစ်ပါတယ်။ ဝါဆိုဟာ ညီမတွေအားလုံးနဲ့ ချစ်ချစ်ခင်ခင် နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူတို့ညီအစ်မတွေရဲ့ ဆက်ဆံရေးလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ဝါဆိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ " အိမ်က Crystal Shune တော့အောင်သွားပြီ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဝါဆိုရဲ့ ညီမလေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို နှစ်ချင်းပေါက်အောင်မြင်ခဲ့တာကြောင့် အစ်မဖြစ်သူ ဝါဆိုတစ်ယောက် ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝမ်းသာပျော်ရွှင်ရအောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။