ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသမီးလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ စိတ်ထားဖြူစင်ပြီး လူတိုင်းကိုလည်း အမြဲကူညီချင်တာကြောင့်လည်း အားလုံးက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ သမီးလေးတွေအပေါ်မှာလည်း မိခင်ဝတ္တရားကျေပွန်လွန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
စမိုင်းလ်ဟာ ပြည်သူချစ် ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ခင်လေးဆွေရဲ့ မြေးအရင်းတော်စပ်တာလည်း ဖြစ်ပါတယ်။ အဖွားကိုလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်တာကြောင့်လည်း အန်တီခင်လေးဆွေက သက်ရှည်ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ အဖွားရဲ့ (၈၈) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။
မြစ်မလေး Portiamaung ရဲ့ Instagram Story မှာလည်း ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့မွေးနေ့ကိုမြေး၊မြစ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့ရတဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့ ပြည်သူချစ်မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ ပုံရိပ် လေးပဲ ဖြစ်ပါတယ်။ အသက်(၈၈) နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာချမ်းသာစွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်နော်။