ပရိသတ်တွေကြားလွဲမှားနေတဲ့ နာမည်အရင်းကို ပြောပြလာတဲ့စိုင်းစိုင်းခမ်းလှိုင်
celegabar.com
|
2020-08-21

Sai Sai Kham Leng 123

စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးတစ်ယောက်ဖြစ်ပြီးတော့ မသိသူမရှိလောက်အောင်နာမည်ကြီးတဲ့သူတစ်ယောက်ပါ။ စိုင်းစိုင်းကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ဝန်းရံအားပေးမှုကိုရရှိထားသလို သရုပ်ဆောင်၊အဆိုတော်တစ်ယောက်အဖြစ်သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။




လူတိုင်းလိုလိုသိတဲ့အထိနာမည်ကြီးတဲ့စိုင်းစိုင်းကတော့ သူ့ရဲ့နာမည်အရင်းနဲ့ပတ်သက်ပြီး ပြောပြလာတာပါ။ စိုင်းစိုင်းကတော့ လက်ရှိဖေ့ဘွတ်ခ်မှာရေပန်းစားနေတဲ့ Challenge ကိုလုပ်ခဲ့ပြီး သူ့ရဲ့နာမည်အရင်းအကြောင်းကိုပြောပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “နာမည်ရင်း စိုင်းစိုင်းခမ်းလိုင်ပါ ( ဟထိုး မပါပါဘူး အခွေထုတ်တော့ လျှာရှည်ပြီး ဟထိုး ထည့်လိုက်မိပါတယ် ) အခုက စပြီး ဟထိုးမပါတဲ့ စိုင်းစိုင်းခမ်းလိုင်လို့ပဲ အမှန်အတိုင်း စာလုံးပေါင်းပါတော့မယ် ..နာမည်ပြောင်က မလိုင်ပါ ( ခမ်းမလိုင် ခမ်းမလိုင်ဆိုပြီး မလိုင်ဖြစ်သွားတာပါ )” ဆိုပြီးတော့ ရေးသားထားတာပါ။



စိုင်းစိုင်းကတော့ အနုပညာအရည်အချင်းပြည့်ဝမှုတွေအပြင် လူမှုဆက်ဆံရေးကောင်းမွန်တာကြောင့် ပရိသတ်တွေကြားနာမည်ကြီးတဲ့သူတစ်ယောက်ပါ။ စိုင်းစိုင်းကတော့ လက်ရှိလူသိများနေတဲ့နာမည်ကတော့ သူ့ရဲ့နာမည်အရင်းမဟုတ်တဲ့အကြောင်းနဲ့ နာမည်အရင်းကိုပဲ သုံးတော့မယ့်အကြောင်းကို ပြောပြလာတာပါ။ ပရိသတ်တော်တော်များများကတော့ သိမယ်ထင်ပါရဲ့နော်…
Source : SaiSaiKhamLeng



Ar-T 123

အဆိုတော် Ar-T ကတော့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ နာမည်ကျော်လူငယ်အဆိုတော်တွေထဲက တစ်ယောက်ပါ။ Ar-T ကတော့ အခြားသူတွေနဲ့မတူတဲ့ သီချင်းဖန်တီးမှုပုံစံတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေများစွာရရှိထားတာပါ။ အခုလည်း JOOX ကပေးတဲ့ ဆုကို ရရှိပိုင်ဆိုင်လိုက်ရပါပြီ။




စိတ်ထားကောင်းတဲ့ Ar-T ကတော့ လိုအပ်တဲ့နေရာတွေမှာလှူဒါန်းဖို့ကိုလက်မနှေးတဲ့သူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Joox နဲ့ ပရိသတ်ကပေးတဲ့ ဆု ၂ဆု ရွှေ ၂ ကျပ်သားရဲ့ တန်ကြေးကို သိန်း ၃၀ တိတိပြည့်အောင် ထပ်ဖြည့်ပြီး ခက်ခဲတဲ့ covid ကာလမှာ ပရိသတ်တွေနဲ့အတူတူ အလှူလုပ်ခွင့်ရခဲ့ပါတယ် ။ အဲ့ဆုလေးတွေ လက်ခံနေတဲ့ပုံကိုမြင်စေချင်လို့ တင်ပေးလိုက်တယ်နော် .. “ဆိုပြီးတော့ ရေးသားအသိပေးထားတာပါတယ်။




Ar-T ကတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ JOOX က ဆုတံဆိပ်တွေကို လက်ခံရရှိလိုက်ပါပြီ။ ဒါ့အပြင် စိတ်စေတနာကောင်းမွန်တဲ့ Ar-T တစ်ယောက်ကတော့ လိုအပ်တဲ့ငွေတွေကို ထပ်မံစိုက်ပြီးတော့ ပြန်လည်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ Ar-T ကတော့ တကယ့်ကိုစိတ်ထားကောင်းတဲ့သူတစ်ယောက်ပါပဲနော်…
Source : Ar-T


#စိုင်းစိုင်း
#ဟထိုး
#မလိုင်
#နာမည်
#အရင်း

Some text some message..