လွန်ခဲ့တဲ့(၉)နှစ်က သားဖြစ်သူမင်းသန့်မောင်မောင် ကိုရင်ဝတ်ခဲ့တဲ့ ကြည်နူးစရာအမှတ်တရ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်တဲ့ စင်ရော်မောင်မောင်
mmload.com
|
2020-08-21



ပရိသတ်ကြီးရေ.. ပီပြင်တဲ့ရိုက်ချက်တွေကြောင့် အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရပ်တည်လာပြီး အကယ်ဒမီဆုတွေကိုပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင် ဒါရိုက်တာကတော့ စင်ရော်မောင်မောင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေများစွာ ရရှိထားသလို ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး သားဖြစ်သူမင်းသန့်မောင်မောင်ကိုလည်း အနုပညာအလုပ်တွေမှာ ရှေ့ဆောင်လမ်းပြပေးပြီး ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနေသူလည်း ဖြစ်ပါတယ်နော်..။

ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ မိသားစုရဲ့အနုပညာလှုပ်ရှားမှုလေးတွေအပြင် သားလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေကိုလည်း အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း လွန်ခဲ့တဲ့နှစ်အတော်ကြာက သားလေးကိုရင်ဝတ်ခဲ့တဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကို ဝေမျှလာပြန်ပါတယ်နော်..။

လွန်ခဲ့တဲ့(၉)နှစ်ကျော်အချိန်က သားလေးမင်းသန့်မောင်မောင်ကို သာသာနာ့ဘောင်သွတ်သွင်းကာ ကိုရင်ဝတ်ပေးခဲ့တဲ့ အမှတ်တရလေးတွေကိုဝေမျှထားတာဖြစ်ပြီး ကြည်နူးပီတိလေးတွေနဲ့ ဝမ်းသာမျက်ရည်တွေလည်းကျခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်နော်..။

“လွန်ခဲ့သော (၉)နှစ်က သားလေးမင်းသန့်မောင်မောင်အား ထေရဝါဒဗုဒ္ဓဘာသာ အစဉ်အလာနှင့် အညီ ကိုရင်အဖြစ်သို့ ကူးပြောင်းသည့် အချိန်တွင် ရိုက်ကူးခဲ့သည့် မှတ်တမ်းဖြစ်ပါသည်။ အားပေးကြည့်ရှု့ကြပါခင်ဗျာ။

ချစ်ခင်လေးစားလျှက်

မောင်စင်ရော်..” ဆိုပြီး စင်ရော်မောင်မောင်က အမှတ်တရဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ မြင်တွေ့ရတဲ့ စင်ရော်မောင်မောင်တို့ သားအဖရဲ့ဗီဒီယိုဖိုင်လေးကိုလည်း သဘောကျနေကြကာ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။


#စင်ရော်မောင်မောင်
#ကိုရင်ဝတ်
#သားလေး
#အမှတ်တရ
#ဗီဒီယို

Some text some message..