အချစ်ဟောင်းကို ကျေးဇူးတင်စကားဆိုလိုက်တဲ့အေးမြတ်သူ
popolay.com
|
2018-09-13

ပါးချိုင့်လေးနဲ့မင်းသမီးလေးလို့အများကသိကြတဲ့ ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူကတော့ သရုပ်ဆောင်ပိုင်းမှာလဲ လိုအပ်ချက်မရှိအောင် ပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ကျစ်လစ်သွယ်လျပြီးအချိုးအစားကျလှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အေးမြတ်သူကတော့ ရင့်ကျက်တည်ငြိမ်တဲ့အလှနဲ့ ဆွဲဆောင်မှုရှိသူတစ်ဦးလဲဖြစ်ပါတယ်။အပျိုကြီးမမရာထူးကိုပိုင်ဆိုင်ထားတဲ့အေးမြတ်သူကအချစ်ရေးပိုင်းမှာတော့ ပရိသတ်တွေကိုချပြခြင်းမရှိပဲ သိုသိပ်စွာနေတတ်သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာပျော်ရွှင်စရာအချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့အေးမြတ်သူက တစ်ချိန်ကသူမကို ထားရစ်ခဲ့ဖူးတဲ့အချစ်ဟောင်းကို ကျေးဇူးတင်စကားဆိုထားတာတွေ့ရပါတယ်။အားငယ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကနေ ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမသားတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးခဲ့လို့ ကျေးဇူးတင်မိတယ်ဆိုတဲ့အကြောင်းကိုရေးသားထားတာဖြစ်ပါတယ်။





“အေးမြတ်သူ ဆိုတဲ့ မိန်းခလေး မှ မမြတ်လေး ဆိုတဲ့အမျိုးသမီး ဖြစ်လာဖို့ သွန်သင်ပေးခဲ့တဲ့ ချန်ထားရစ်ခဲ့သူကို ကျေးဇူးတင်မိတယ်.... ပါတိတ်ဝမ်းဆက်... ချည်ဝမ်းဆက်နဲ့ ဆံပင်ဖြောင့်ဖြောင့်ရှည်ရှည် မဝံ့မရဲအားငယ်တက်တဲ့ခပ်ပိန်ပိန်မိန်းခလေးတယောက် ချန်ထားရစ်ခဲ့သူကြောင့် ဘဝဆိုတာ....လူတွေဆိုတာ..အလုပ်ဆိုတာ....ပိုက်ဆံဆိုတာ...မိမိကိုယ်မိမိဆိုတာ......သင်ခန်းစာတွေဆိုတာ...အချစ်ဆိုတာ ...အလွမ်းဆိုတာ ... ဆိုတာ...ဆိုတာ.... တွေကို နဖူးတွေ့ဒူးတွေ့ ကြုံဆုံခဲ့ရပြီး... ခုချိန်မှာ....စဉ်းစားညဏ်အသင့်အတင့်နဲ့ မိမိဘဝကို တန်ဖိုးရှိအောင် ကြိုးစားရင်း....ကောင်းမွန်တဲ့အနဂါတ်ကို ဖန်တီးဖို့ စိတ်အားထက်သန်နေတဲ့..... မမြတ်လေး ဖြစ်နေခဲ့တယ်...




မိမိတန်ဖိုးဆိုတာ မသိတဲ့ မိန်းခလေး မှ ..... မိမိတန်ဖိုးဆိုတာ သိအောင် သွန်သင်ပေးခဲ့တဲ့ ချန်ထားရစ်ခဲ့သူကိုယ်တိုင် ခုချိန်မှာ ...မိမိတန်ဖိုးကို မေ့နေမှာ စိုးရိမ်မိတယ်..... ဘဝမှာ တန်ဖိုးရှိတဲ့အချိန်တွေကိုအလင်းပြပေးခဲ့တဲ့ ချန်ထားရစ်ခဲ့သူကိုယ်တိုင် ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ကိုအလင်းပျောက်နေမှာ စိုးရိမ်မိတယ်... ဆုပ်ကိုင်ထားတဲ့အနာဂါတ်ဖန်းဆင်းရှင်တွေ ကို တန်ဖိုးထားရင်းအပျော်ဆုံးအပြုံးတွေနဲ့ ဝိုင်းစက်နေတဲ့လပြည့်ဝန်းကြီးကို ပြုံးပြရအောင် ချန်ထားရစ်ခဲ့သူကိုအမြဲတမ်း ကျေးဇူးတင်လျက်... မမြတ်လေး” ဆိုပြီး ချန်ထားရစ်ခဲ့သူကြောင့် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်အဖြစ်ပြောင်းလဲသွားတာကြောင့် ကျေးဇူးတင်မိကြောင်းကို သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ မမြတ်လေးလိုပဲ ကိုယ့်ကိုချန်ထားခဲ့သူကို လွမ်းဆွေးမနေပဲ ဘဝကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ကြပါစေနော်...





သရုပ်ဆောင်အေးမြတ်သူကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးရင်းအနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိ MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ မိုးကောင်းကင်အိပ်မက် ဇာတ်လမ်းတွဲထဲမှာလဲ ပါဝင်သရုပ်ဆောင်ထားပြီး နေခြည်ဝင့်ထည် ဇာတ်ကောင်အဖြစ်နဲ့ ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကိုလဲ ရရှိထားပါသေးတယ်။



××××××××××××××××××××××××××××××××××××××××××××××××××××




The X Factor Myanmar Season 3 ပြိုင်ပွဲကြီးကတော့ ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။ Season 3 မှာအကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇဝါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လာမယ့် စက်တင်လာ ၁၅ (စနေနေ့) ည ၉နာရီမှစပြီး MRTV-4 channel ကနေအပတ်စဉ်ထုတ်လွှင့်ပြသတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး.....




#အေးမြတ်သူ
#တန်ဖိုး
#အချစ်
#သရုပ်ဆောင်
#ဘဝ

Some text some message..