ဓာတ်ပုံတွဲရိုက်မိခဲ့တဲ့ အန်တီကြီးသာ ပိုးတွေ့ရင် ရုပ်ရှင်လောကသားတွေ တစ်ပြုံကြီးပါပြီလို့ ပြောလာတဲ့ ကောင်းကျော်
celegabar.com
|
2020-08-29

kaung kyaw

ဟာသလူရွှင်တော်သရုပ်ဆောင်ကောင်းကျော်ကတော့ လတ်တလောကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး သူရဲ့အတွေ့အကြုံလေးကို မျှဝေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ကိုဗစ်ကပ်ရောဂါပြန့်ပွားမှု အနည်းငယ်ထိန်းချုပ်နိုင်ခဲ့တာကြောင့် လုပ်ငန်းတချို့ပြန်လည်စတင်လည်ပတ်ခဲ့ပြီး အနုပညာလောကမှာလည်း ရိုက်ကူးရေးတချို့ ပြန်လည်စတင်ခဲ့ပါတယ်။





ကောင်းကျော်ကတော့ ပွဲတစ်ခုမှာ မိသားစုလိုချစ်ခင်ရတဲ့အန်တီတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့ပြီး အဲ့အန်တီကိုတော့ ရခိုင်က ပြန်လာတာ(၂)ပတ်ပဲရှိသေးတာကြောင့် ပိုးစစ်ဖို့ လာရောက်ခေါ်ဆောင်သွားကြောင်း သိခဲ့ရချိန်မှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ” ကိုင်း ဘုရားတရားသာ တကြပေရော့…. အန်တီနဲ့က သားအမိတွေလို ချစ်ခင်နေကြတော့ အမှတ်တရ ပုံလေးရိုက်ချင်တယ်ဆိုတော့ရိုက်ပေါ့ … ရခိုင်ကပြန်လာတာ နှစ်ပါတ်ဘဲရှိတယ်သတင်းကြားလို့ ဆေးစစ်ဖို့ လာခေါ်သွားပြီ ဆိုတော့ အန်တီရဲ့ ဆေးစစ်တဲ့ အဖြေကိုစောင့်ရတော့မှာပေါ့ …အန်တီမှာသာ covid ပိုးတွေ့ပြီဆိုလိုကတော့ ရုပ်ရှင်လောကသားတွေ တစ်ပြုံကြီး အတွဲလိုက် ပျော်ပျော်ကြီး Q ဝင်လိုက်ကြယုံပေါ့ဗျာ… ကိုင်း ဘုရားတရားသာ တနေကြပေရော့ဗျာ ဟားဟားဟား” ဆိုပြီး ရေးသားကာ မျှဝေခဲ့ပါတယ်။




လတ်တလော ရခိုင်ပြန်နယ်မှာတော့ ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားနေတာကြောင့် ရခိုင်ပြည်နယ်နဲ့ကူးသန်းသွားလာခွင့်ကို ကန့်သတ်ထားသလို ရခိုင်ပြည်နယ်က ပြန်လာသူတွေကိုလည်း ရောဂါပိုးရှိ၊ မရှိစစ်ဆေးလျက်ရှိပါတယ်။ အန်တီနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့လူတွေများတာကြောင့် အန်တီမှာသာပိုးတွေ့ရင် ရိုက်ကူးရေးအဖွဲ့ကလူတွေအကုန်လုံး ကွာရန်တင်းတန်းစီဝင်ရောက်ရတော့မှာ ဖြစ်ကြောင်း ဦးကောင်းကျော်ကတော့ မျှဝေပေးခဲ့တာပါ.. အန်တီမှာ ကိုဗစ်ရောဂါပိုး မတွေ့ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် ဦးကောင်းကျော်ရေ..



Source – U Kaung Kyaw
Rainbow- Cele Gabar



nyo min lwin

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ညိုမင်းလွင်ကတော့ ချစ်ဇနီး၊သမီးလေးနှစ်ယောက်နဲ့အတူတူ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ကိုဗစ်ကာလမတိုင်ခင်က ရုံတင်ပြသခဲ့တဲ့ မြမြ ရုပ်ရှင်ဇာတ်ကားနဲ့ အကြီးအကျယ်အောင်မြင်မှုရခဲ့သလို မကြာခင်မှာလည်း ယောက္ခမတစ္ဆေ ဇာတ်ကားကြီးကိုထပ်မံရိုက်ကူးသွားမှာပါ။




ညိုမင်းလွင်တို့ ဇနီးမောင်နှံကို လတ်တလောကိုဗစ်ကာလမှာ ကလေးတွေ ပညာရေးနဲ့ပတ်သက်ပြီး အဆင်ပြေ မပြေ မေးမြန်းခဲ့ရာမှ သမီးလေးတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို မျှဝေခဲ့ပါတယ်။ သမီးလေးတွေက ပညာရေးမှာထူးချွန်ရုံမက အဘက်ဘက်မှာ ပြည်စုံအောင် သမီးကြီးက အကသင်နေပြီး သမီးငယ်က အဆိုသင်တန်းတက်နေတယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက သူတို့လိုချင်တာ သူတို့ကိုယ်တိုင်သိအောင် ကိုယ်လိုချင်တာကို ရှာဖွေတတ်အောင် ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် သေချာလေ့ကျင့်ပေးထားတာမို့ သမီးလေးတွေနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိကြောင်း ပြောပြခဲ့ပါတယ်။




“မနေ့ကလည်း သူတို့ဘာသာစဉ်းစားပြီး လာပြောပြတဲ့ဇာတ်လမ်းတစ်ပုဒ် ကျွန်တော့်ကို လာပြတာ.. ကျွန်တော် တော်တော်ကြိုက်သွားတယ်.. ကိုယ့်သမီးမို့ ပြောတာမဟုတ်ဘူး.. သူတို့ဆီက ဇာတ်လမ်းတောင်းပြီး ရိုက်ဖို့တောင်စဉ်းစားမိတယ်” လို့လည်း အတွေးအခေါ်ကောင်းတဲ့သမီးလေးတွေအကြောင်းကို မျှဝေခဲ့ပါတယ်။ ကြီးလာရင် သမီးတစ်ယောက်ကို စစ်သားနဲ့ ပေးစားချင်တယ် ဆိုပြီး သမီးလေးတွေနဲ့ပတ်သက်ပြီး ပြောပြခဲ့တဲ့ ညိုမင်းလွင်တို့ ဇနီးမောင်နှံရဲ့အင်တာဗျူးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Exclusive On Cele Gabar
Rainbow- Cele Gabar



#ကောင်းကျော်
#ညိုမင်းလွင်
#သမီးလေး
#ရောဂါပိုး
#ဇနီးမောင်နှံ

Some text some message..