
si phyo 2
ဒီနေ့ စက်တင်ဘာလ(၄) ရက်နေ့လေးကတော့ သရုပ်ဆောင်စည်ဖြိုးရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ သူ့ရဲ့မွေးနေ့မနက်ခင်းလေးမှာ သံဃာတော်တွေကို ဆွမ်းနဲ့ ဝတ္ထုငွေ လှူဒါန်းကာ မွေးနေ့မနက်ခင်းလေးကို ဖြတ်သန်းခဲ့ပြီး ဒီနှစ်မွေးနေ့လေးမှာ ချစ်သူလေးဆီက သတိတရနဲ့ Surprise လုပ်ပြီးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေးကိုလည်း မျှဝေခဲ့ပါတယ်။
စည်ဖြိုးတို့ မိသားစုပိုင် E Thi Gems & Jewellery ရဲ့ ကိုယ်ပိုင်ဖန်တီးမှုလက်ရာတစ်ခုဖြစ်တဲ့ Third Eye လက်စွပ်လေးကို “အိပ်ခါနီး ခေါင်းဦးအောက်က suprise အတွက် ကျေးဇူးပါချစ်ဆုံး…. ညီလေးကို သူ့လ ruby နဲ့လုပ်ပေးခဲ့တုန်းက ကိုယ်လည်း ကိုယ့်လ sapphire နဲ့လုပ်ရင်လည်းလှမှာ လိုတောင်လိုချင်လာပြီလို့ပြောဖူးတာလေးအမှတ်ရနေပေးလို့ ” ဆိုပြီး သတိတရနဲ့လက်ဆောင်ပေးခဲ့တဲ့ ချစ်သူလေးခင်လွှမ်းပေးတဲ့လက်စွပ်လေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအဝန်းအဝိုင်းလေးကို ပိုင်ဆိုင်ထားတဲ့စည်ဖြိုးကတော့ မွေးနေ့မှာ အိမ်မှာအတူနေထိုင်တဲ့ ညီလေးတွေရဲ့ Surprise မွေးနေ့ကိတ်လေးလည်း ရရှိခဲ့ပါသေးတယ် .. မွေးနေ့မနက်ခင်းကတည်းက အလှူအတန်း၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့ စည်ဖြိုးရဲ့မွေးနေ့လေးကတော့ တကယ်ကို ပြီးပြည့်စုံတဲ့မွေးနေ့လေးပါပဲနော်။
Source- Si Phyo
Rainbow- Cele Gabar

ki ki-tinified
ဒါရိုက်တာမင်းထင်ကိုကိုကြီးပိုင်ဆိုင်တဲ့ အမေစုရဲ့လက်ရေးမူကဗျာလေးကို လတ်တလော လေလံတင်ထားတာကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါ။ ဒီလက်ရေးမူကဗျာလေးကိုတော့ သြဂုတ်လ(၃၁) ရက်နေ့ကစတင်ပြီး လေလံဆွဲချိန်(၅) ရက်သတ်မှတ်ထားကာ ကြမ်းခင်းဈေး (၅၄) ဈေးနဲ့ လေလံဖွင့်ခဲ့ပါတယ်။
အမေစုကို ချစ်ကြတဲ့ ပိုက်ဆံတတ်နိုင်တဲ့လုပ်ငန်းရှင်တွေအသီးသီး လေလံဝင်ဆွဲခဲ့ကြပြီး မနေ့ညကတော့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိကိကျော်ဇောလည်း ဒီလေလံမှာပါဝင်လာခဲ့ပါတယ်။ ကလေးဘဝကတည်းက စိုင်းစိုင်းခမ်းလိုင်နဲ့အတူ သီချင်းတွေတွဲဖက်ဆိုခဲ့တဲ့ အဆိုတော်ကိကိကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။ သူကတော့ အမေစုရဲ့လက်ရေးမှုကဗျာကို ငွေကျပ်(၃၂၅) သိန်းနဲ့ လေလံဝင်ပြိုင်ခဲ့ကြောင်း မောင်မောင်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။
လေလံကိုတော့ မနက်ဖြန်စက်တင်ဘာလ(၅) ရက်နေ့ ည(၉)နာရီမှာပိတ်သွားမှာဖြစ်ပြီး ဒီနေ့မနက်(၉း၄၇) ထိ နောက်ဆုံးလေလံဈေးကတော့ ကျပ်သိန်း(၄၀၅) ထိရောက်ရှိနေပြီဖြစ်ပါတယ်။ အကုန်လုံးမြတ်မြတ်နိုးနိုးနဲ့ လေလံဝင်ဆွဲနေတဲ့ အမေစုရဲ့လက်ရေးမူကဗျာလေးကို ပရိသတ်အချစ်တော်ကိကိတစ်ယောက် (၃၂၅)သိန်းအထိ ပေးခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။ အမေစုရဲ့လက်ရေးမူကဗျာလေး နောက်ဆုံးဈေးဘယ်လောက်နဲ့ ပိတ်သိမ်းသွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ ပရိသတ်ကြီးရေ..
Source – Mg Mg Aye
Rainbow- Cele Gabar