ဒီနေ့ဟာ လွင်မိုးရဲ့သမီးအငယ်လေး ယွန်းနဒီလွင်မိုးရဲ့အသက် (၁၈) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ချစ်စရာသမီးလေးဟာ မျက်စိရှေ့တင်ပဲ အရွယ်ရောက်လာခဲ့ပါပြီ။ အမဖြစ်သူ ကတော့ ဖေဖေ့ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေကို အနည်းငယ်လုပ်နေခဲ့ပေမယ့် ဒီဒီကတော့ အနုပညာအလုပ်တွေ မလုပ်ကိုင်ခဲ့ပါဘူး။
အနေအေးပြီး တူလေးကိုရော မိဘတွေအပေါ်မှာပါ မေတ္တာကြီးတဲ့ ဒီဒီလေးဟာ ငယ်စဉ်ကလိုပဲ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းနေဆဲပါပဲ။ သမီးလေးရဲ့ အသက် (၁၈) နှစ်ပြည့်တဲ့နေ့မှာ မိသားစုသုံးယောက်အတူ ဓမ္မာ့လင်္ကာရကျောင်းတိုက်မှာ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပြီး ကုသိုလ်ပြုခဲ့ပါတယ်။
အမတို့ဇနီးမောင်နှံက တိုင်းတပါးမှာ ပညာသင်နေရတာကြောင့် တူလေးကို ဖေဖေ မေမေတို့နဲ့ အတူ ထိန်းကျောင်းနေခဲ့ပြီး ချစ်စရာကလေးလေးရဲ့ တီတီတာတာစကားလေးတွေနဲ့ ပျော်စရာ နေ့ရက်လေးတွေကို ဖန်တီးနေခဲ့ပါတယ်။ အနေအေးတဲ့ ဒီဒီလေး အသက် (၁၈) နှစ်ပြည့်ကစလို့ ဘဝတစ်လျှောက်လုံး သက်ရှည်ကျန်းမာပြီး ပျော်ရွှင်မှုတွေပဲ ပိုင်ဆိုင်နိုင်ပါစေနော်။
Happy – Cele Zone
Photo – Lwin Moe
(ဇော်ဂျီဖြင့်ဖတ်ရန်)
သမီးငယ်လေးရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့မှာ သုံးယောက်အတူအလှူလုပ်ခဲ့ကြတဲ့ လွင်မိုးတို့ မိသားစု
ဒီနေ့ဟာ လွင်မိုးရဲ့သမီးအငယ်လေး ယွန်းနဒီလွင်မိုးရဲ့အသက် (၁၈) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ချစ်စရာသမီးလေးဟာ မျက်စိရှေ့တင်ပဲ အရွယ်ရောက်လာခဲ့ပါပြီ။ အမဖြစ်သူ ကတော့ ဖေဖေ့ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေကို အနည်းငယ်လုပ်နေခဲ့ ပေမယ့် ဒီဒီကတော့ အနုပညာအလုပ်တွေ မလုပ်ကိုင်ခဲ့ပါဘူး။
အနေအေးပြီး တူလေးကိုရော မိဘတွေအပေါ်မှာပါ မေတ္တာကြီးတဲ့ ဒီဒီလေးဟာ ငယ်စဉ်ကလိုပဲ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းနေဆဲပါပဲ။ သမီးလေးရဲ့ အသက် (၁၈) နှစ်ပြည့်တဲ့နေ့မှာ မိသားစုသုံးယောက်အတူ ဓမ္မာ့လင်္ကာရကျောင်း တိုက်မှာ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပြီး ကုသိုလ်ပြုခဲ့ပါတယ်။