Sowayree ဇာတ်ကားရဲ့မင်းသားချောလေး ခွန်ပရင်ရဲ့ စမတ်ကျကျဖက်ရှင်
mystylemyanmar.com
|
2020-09-05

အားလုံးပဲ မဂ်လာပါနော်…ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ အခုလက်တလောထုတ်လွှင့်နေဆဲဖြစ်တဲ့ ပရိတ်သတ်တော်တော်များရဲ့ နှလုံးသားကိုသိမ်းပိုက်ထားတဲ့ ချစ်လက်စွပ်ကလေးသက်သေတည် (Sowayree) ဇာတ်ကားရဲ့မင်းသားချောလေး ခွန်ပရင် မင်းသားလေး အကြောင်းတချို့ဖြစ်ပါတယ်နော်..




နာမည်အရင်းကတော့ Hussawee Pakrapongpisan ဖြစ်ပြီး Nickname ကတော့ Kem လို့ခေါ်ကြပါတယ်။ Kem ကို ထိုင်းနိုင်ငံက Bueng Kan မြို့မှာ August 21, 1997 က မွေးဖွားခဲ့တာဖြစ်ပြီး အခုမှ ၂၃နှစ်ပဲ ရှိသေးတဲ့ ငယ်ငယ်ချောချောမင်းသားလေးပဲဖြစ်ပါတယ်နော်။




ပညာရေးကတော့ Business Administration နဲ့ Dhurakij Pundit University ကနေ ကျောင်းပြီးထားတဲ့သူလည်းဖြစ်ပါတယ်။ 2017 က စပြီး Channel 7 Thailand နဲ့ စာချုပ်ချုပ်ပီး Channel 7 ကနေပဲ ရုပ်ရှင်တွေရိုက်ကူးခဲ့ပါတယ်။ အခု လက်ရှိထုတ်လွှင့်ပြသနေတဲ့ Sowayree ဇာတ်ကားမှာ မင်းသမီးချောလေး Mookda narinrak နဲ့အတူ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်နော်။




Kemရဲ့ အရပ်အမြင့်က 188cm ရှိပြီး မြင်းစီးတာ ၊ သေနတ်ပစ် တာနဲ့ အားကစား လုပ်ရတာတွေကို ဝါသနာပါတဲ့သူလည်းဖြစ်ပါတယ်။ အကြိုက်ဆုံး အရောင်ကတော့ အမဲရောင်ပဲဖြစ်ပါတယ်နော်။




P’Kem ရဲ့ Best Friend ကတော့ “နှလုံးသားကိုရိုက်ခတ်တဲ့မာန” ဇာတ်ကားထဲက ဒုတိယမင်းသား (ရဲမှူး)P’Euro ပဲ ဖြစ်ပြီး သူအကြိုက်ဆုံးမင်းသား (Idol) ကတော့ Weir Sukollwat ပဲ ဖြစ်ပါတယ်။ ယောကျာ်းပီပီသသနဲ့ အရပ်အမောင်းကောင်းကောင်းပိုင်ဆိုင်ထားတဲ့ မင်းသားရဲ့ ဖက်ရှင်ကလည်း ပြောစရာမလိုအောင် စမတ်ကျနေပါတယ်နော်။ ကဲ…Kemရဲ့ ဖက်ရှင်လေးကို အတူတူကြည့်လိုက်ရအောင်နော်…














Source; WiKi

Photo Source; Pinterest


The post

Sowayree ဇာတ်ကားရဲ့မင်းသားချောလေး ခွန်ပရင်ရဲ့ စမတ်ကျကျဖက်ရှင် appeared first on

MyStyle Myanmar .


#မင်းသား
#ဖက်ရှင်
#ဇာတ်ကား
#နှလုံးသား
#August

Some text some message..