ပရိတ်သတ်တွေကို surprise တိုက်လိုက်တဲ့ GMMTV ရဲ့ ထိုင်း F4 ရုပ်ရှင်အကြောင်း
auntymay.com
|
2020-09-17

F4 ကတော့ ကိုယ်တွေငယ်ငယ်လေးထဲကိုက ဘယ်နိုင်ငံကပဲထွက်ထွက်အမြဲတမ်းလိုလို မင်းသားတွေကို စိတ်ကူးယဉ်ပြီး အားပေးခဲ့ရတဲ့ ရုပ်ရှင်တစ်ကားမဟုတ်လား။ စစချင်း တရုတ်နိုင်ငံကနေစလိုက်တဲ့ F4 တုန်းကလည်း အားပေးလိုက်ရတာ၊ နောက် Lee Min-ho တို့ ကိုရီးယားက F4 ထွက်တုန်းကလည်း သည်းသည်းလှုပ်ပဲ။

အခုတော့ ထိုင်းကပါ F4 ကို ပြန်ရိုက်တော့မယ်ဆိုတော့ အတိုင်းထက်အလွန်ပဲပေါ့။ မင်းသားတွေကတော့ အားလုံးရဲ့အသည်းကျော်လေးတွေဖြစ်တဲ့ GMMTV က မင်းသားတွေပါပဲ။ ဒီသတင်းကိုလည်း GMMTV ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကပဲ မနေ့ညကမှ ကောက်ခါငင်ကာကြီး ကြေငြာလိုက်ခဲ့တာပါ။ ပရိတ်သတ်တွေကတော့ တော်တော်လေးကို surprise ဖြစ်သွားခဲ့ကြပါတယ်။


Facebook-

မင်းသား ၄ လက်ကတော့ Thyme အဖြစ် Bright, Kavin အဖြစ် Win, Dew ကတော့ Ren နဲ့ MJ အဖြစ် Nani တို့ပဲဖြစ်ပါတယ်။ စဉ်းစားကြည့်ပါဦး၊ သူတို့လေးယောက်ကို အခင်ဆုံးသူငယ်ချင်းတွေအဖြစ် တစ်ကားထဲမှာ chemistry မိမိ တွေ့ရတော့မယ်ဆိုတော့..



Facebook-

GMMTV

Facebook-

GMMTV

Facebook-

GMMTV

Facebook-

GMMTV

ဒီအပြင် Barbie Xu, Ioue Mao, Ku Hye Sun, Shen Yue တို့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးနေရာမှာတော့ Tu Tontawan က သရုပ်ဆောင်မှာပါတဲ့။ နာမည်ကတော့ Goyra ဆိုပြီးပေးထားပါတယ်။ သူမဟာလည်း F4 ရဲ့ မင်းသမီးနေရာမှာ သရုပ်ဆောင်ဖို့အတွက် ပုံပန်းသဏ္ဍာန်အရ တော်တော်လေးတော့ ကိုက်ညီမှုရှိလှပါတယ်။


Facebook-

ဇာတ်လမ်းသွားကေတာ့ GMMTV ရဲ့ ထုံးစံအတိုင်း BL vibe တွေပဲ ပါဦးမှာလား၊ ဒါမှဟုတ် သာမန် F4 လိုပဲ သွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ဒါလေးကတော့ မနေ့ကမှ GMMTV က တင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတို့ရဲ့ မိတ်ဆက် teaser video လေးပဲဖြစ်ပါတယ်။

The wait is over. #F4Thailand

The wait is over. #F4Thailand#GMMTV


Posted by

GMMTV on Wednesday, September 16, 2020


penny


#မင်းသား
#မင်းသမီး
#လက်ကတော့
#သရုပ်ဆောင်
#ပုံပန်းသဏ္ဍာန်

Some text some message..