ရည်းစားဟောင်းက အိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီဆိုတဲ့အကြောင်းပြောလာတဲ့ မင်းသွေးခန့်
celegabar.com
|
2020-09-20

min thway khant

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မင်းသားချောမင်းသွေးခန့်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီးနောက်ပိုင်းမှာ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ နာမည်ဖျက်သူတချို့လည်းရှိလာခဲ့ပြီး ဒီနေ့မှာတော့ လိုင်းပေါ်မှာပျံ့နေတဲ့ပုံတချို့နဲ့ ပတ်သက်ပြီး မင်းသွေးခန့်ကတော့ ဖြေရှင်းခဲ့ပါတယ်။




မင်းသွေးခန့်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကိုချပြထားခြင်းမရှိပေမယ့် မင်းသွေးခန့်ရဲ့ချစ်သူပုံတွေပါဆိုပြီး ဖွလာကြတဲ့အပေါ်မှာ ” ဒါက လွန်ခဲ့တဲ့သုံးနှစ်ကပါ… ဒီပုံတွေရဖို့ ပုံသွားရိုက်တုန်းက အတူသွားကြတဲ့သူငယ်ချင်းဆီ ပြန်ရှာပေးဖို့ ချက်ချင်းအကူညီသွားတောင်းလိုက်ရတယ်… ကျွန်တော့်လို ဘာအရေးမှဝင်မပါ.. ဘာမှမဟုတ်တဲ့ကြိုးစားနေဆဲ မော်ဒယ်လ်ပေါက်စလေးတစ်ယောက်ကို တစ်လတစ်မျိုးမရိုးရအောင် တွဲရိုက်ခဲ့ဖူးသမျှ အသိမိတ်ဆွေ သူငယ်ချင်းတွေနဲ့ သတင်းလုပ်ပြီး တကူးတကတင်ပေးနေတဲ့ ဦးဟန်ကို ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။




ဒါ့အပြင် တကယ့်ရည်းစားဟောင်းက အိမ်ထောင်ကျလို့ ကလေးတောင်ရနေပြီဖြစ်ပြီး ရည်းစားဟောင်းသတင်းကိုပြန်ကြားရတဲ့ အဲ့ဒီအချိန်တုန်းကဆို ခေတ်သစ်ပျိုမေ အစီအစဉ်မှာတောင် အသည်းကွဲခဲ့ရသေးတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရေ… လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ကောင်မလေးက လက်ရှိတွဲနေတဲ့ချစ်သူမဟုတ်သလို ရည်းစားဟောင်းလည်း မဟုတ်ပါဘူးတဲ့နော်…



Source – Min Thay Khant
Rainbow- Cele Gabar



aye mya phyu-tinified

လွန်ခဲ့တဲ့ရက်ပိုင်းက မိုးသိုလေးရဲ့အဖိုးဖြစ်သူဆုံးပါးသွားတာကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ ဖိုးဖိုးကြီးကတော့ အဆုတ်မကောင်းတော့တာကြောင့် အသက်(၈၃) နှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး မိုးသိုလေးလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။




ဒီနေ့မှာတော့ ဖိုးဖိုးကြီးအတွက် ရက်လည်အလှူအနေနဲ့ ကုသိုလ်ဒါနပြုပေးခဲ့ကြောင်းကို မျှဝေလာပါတယ်။ ဖိုးဖိုးကြီးအတွက် ရက်လည်ကုသိုလ်အလှူအဖြစ် ကိုဗစ်ရောဂါကာကွယ်ရေးအတွက်(၁၁)သိန်းကျပ်၊ သင်္ကန်းကျွန်းစံပြဆေးရုံမှာ ဆေးရုံသုံးကုတင်နဲ့ အလှူငွေ(၂)သိန်းကျပ်၊ မတ္တရာဆရာတော်မှတဆင့် လိုအပ်သည့်နေရာများကို လှူဒါန်းနိုင်ရန် အလှူငွေသုံးသိန်းကျပ်ကို လှူဒါန်းပေးခဲ့ကြောင်း အေးမြဖြူကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။




ဒီအလှူလေးတွေအတွက်လည်း ဖိုးဖိုးကြီးကို တရားနာဖိတ်ကြားကာ ရေစက်သွန်းချပြီး အမျှဝေပေးခဲ့ကြောင်းနဲ့ ဖိုးဖိုးကြီး မြင်ကြားသိပြီးတော့ သာဓုခေါ်ဆိုနိုင်ဖို့လည်း ဆုတောင်းခဲ့ပါတယ် ပရိသတ်ကြီးရေ… ဖိုးဖိုးကြီးအတွက်ရည်စူးပြီး တကယ်လိုအပ်နေတဲ့နေရာတွေမှာ ကာလဒါနပြုပေးခဲ့တဲ့အလှူလေးကို ဖိုးဖိုးကြီး သာဓုခေါ်ဆိုပြီး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆယ်လီကမ္ဘာမှလည်း ဆုတောင်းပေးလိုက်ပါတယ် မိုးသိုရေ..



Source – Aye Mya Phyu
Rainbow- Cele Gabar



#ဖိုးဖိုး
#အလှူ
#ပရိသတ်ကြီး
#ရည်းစား
#ဒါန

Some text some message..