အလင်းရောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အနေနဲ့စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါအောင်မြင်မှုတွေရရှိနေတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေ့ရှိပါတယ်။
ဒီနေ့မှာတော့ သူ့ရဲ့လုမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ဖခင်မွေးနေ့ရက်လေးအတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ “ဒီနေ့ အဖေ့ မွေးနေ့ အဖေက (22) Septemberသားက (22) April (22) မွေးဂဏာန်းချင်း တူတူပဲ။ ဒီအရွယ်ထိ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရင်း ပညာတွေသင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ အဖေ။
အဖေ အသက်ရာကျော်ရှည်ပြီး သားတို့ မိသားစုနဲ့ အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။ သားလည်း ပိုကြိုးစားပါ့မယ် အဖေ”လို့ ဖခင်ကြီးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အလင်းရောင်ရဲ့ ကျေးဇူးရှင် ဖခင်ကြီးကို မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။
Chilli – CeleZone
Source – ALINNYAUNG