မဖြစ်မနေကြည့်သင့်တဲ့ Lee Joon Gi ရဲ့ အမိုက်စား ရုပ်ရှင် Series များ
moda.com.mm
|
2020-09-23

K-Drama ကြည့်တဲ့ မိန်းကလေးတိုင်း Lee Joon Gi (K) ကိုမသိတဲ့ မိန်းကလေးမရှိပါဘူး။ အထူးသဖြင့် ၂၀၀၀ ခုနှစ်လောက်တည်းက K-Drama တွေကြည့်လာတဲ့ 90's တွေဆိုရင် Lee Joon Ki ကမိန်းကလေးတိုင်းနီးပါးရဲ့ Childhood Crush ပါ။ မျက်လုံးမှေးမှေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ South Korean Actor နဲ့ Singer Lee Joon Gi ကို ၂၀၀၅ ခုနှစ်က The King and the Clown မှာ စပြီးသတိထားမိခဲ့ကြတာပါ။ ပြီးတော့ငယ်ငယ်က TV Channel မှာထုတ်လွှင့်ခဲ့တဲ့ My Girl Drama Series မှာပိုပြီးလူသိများလာတယ်။ Lee Joon Ki ရဲ့အောင်မြင်မှုအရှိန်ကို အားပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Time Between Dog and Wolf နဲ့ ၂၀၀၈ ခုနှစ်က မင်းသမီးချော IU နဲ့ သရုပ်ဆောင်ခဲ့တဲ့ Iijimae ဇာတ်လမ်းတွဲတွေပါ။
၂၀၁၀ ကနေ ၂၀၁၂ အထိတော့ Lee က Military Service အတွက်စစ်မှုထမ်းပြီး ၂၀၁၃ မှာတော့ ရုပ်ရှင်တွေပြန်လည်ရိုက်ကူးခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတာကတော့ Drama-Thriller ဇာတ်လမ်းတွဲဖြစ်တဲ့ The Flower of Evil ဖြစ်ပြီး Lee ရဲ့ တစ်ကျော့ပြန် Comeback ကလည်း ပရိသတ်ရဲ့ အားပေးမှုတွေတခဲနက်ထပ်ရရှိခဲ့ပြန်ပါတယ်။
အဆိုတင်မကပဲ ကျရာ Character ကိုလည်းပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ Lee Joon Gi ရဲ့ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေက K-Drama မိန်းကလေးတွေအတွက် ဘယ်တော့မှ ရိုးနိုင်မှာမဟုတ်ပါဘူး။ အခုလိုအိမ်မှာပဲနေနေရတဲ့ အချိန်ဘာကြည့်ရမလဲစဉ်းစားနေသူတွေအတွက် Childhood Crush လေးရဲ့ အမိုက်စားရုပ်ရှင်တွေကို အောက်မှာ ရွေးချယ်ပေးလိုက်ပါတယ်နော်။ အားလုံးလည်း ကြိုက်နှစ်သက်ကြလိမ့်မယ့်လို့ထင်ပါတယ်။


The King and the Clown (2005)



My Girl (2006)



The Time between Dog and Wolf (2007)



Iijimae (2008)



Arang and the Magistrate (2012)



The Scholar who walks the Night (2015)



Moon Lovers: Scarlet Heart (2016)



Criminal Minds (2017)



Lawless Lawyer (2018)



The Flower of Evil (2020)



#မိန်းကလေး
#ဇာတ်လမ်း
#ရုပ်ရှင်
#စစ်မှုထမ်း
#သရုပ်ဆောင်

Some text some message..