သမီးလေးတစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့ပြီဖြစ်တဲ့ Zayn နဲ့ Gigi Hadid
mmtimes.com
|
2020-09-25



သမီးလေးတစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့ပြီဖြစ်တဲ့ Zayn နဲ့ Gigi Hadid

နာမည်ကြီးဆယ်လီစုံတွဲဖြစ်တဲ့ Zayn နဲ့ Gigi Hadid တို့ရဲ့ ပထမဆုံးရင်သွေးလေး အောင်မြင်စွာမွေးဖွားပြီး ဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းကို Zayn က သူ့ရဲ့တွစ်တာစာမျက်နှာကနေတစ်ဆင့် ပရိသတ်ကို အသိ ပေးခဲ့တာဖြစ်ပါတယ်။

ကလေးရဲ့လက်ကိုကိုင်ထားတဲ့ပုံနဲ့အတူ သမီးလေးမွေးဖွားခဲ့ကြောင်းကို ကြေညာခဲ့တာ ပါ။

လက်ရှိမှာ မိခင်ရော ကလေးပါ နေကောင်းကျန်းမာတယ်လို့လည်းသိရပါတယ်။

ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက် Zayn တစ်ယောက် ပြောမပြတတ်အောင် ဝမ်းသာကြည်နူးနေတာလည်းဖြစ်ပါတယ်။

လူသေးသေးလေးတစ်ယောက်အတွက် သူ့ရဲ့ချစ်ခြင်းမေတ္တာက သူထင်ထားတာထက်ကို အများကြီးကျော်လွန် နေကြောင်းနဲ့ ဘဝတစ်လျှောက်လုံးကို ဒီသမီးလေးနဲ့ဖြတ်သန်းခွင့်ရတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတင် ကြောင်းကိုလည်း Zayn က ဖွင့်ဟခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် နာမည်ကြီးစူပါမော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့ Gigi Hadid နဲ့ Zayn တို့ဟာ ၂၀၁၅ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး မကြာခဏဆိုသလို ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်ခဲ့ကြတာပါ။

အခုတစ်ကြိမ်ပြန်အဆင်ပြေပြီးနောက်မှာတော့ Gigi Hadid တို့အိမ်မှာပဲ Zayn တစ်ယောက် home quarantine အဖြစ် နေထိုင်နေတာဖြစ်ပါတယ်။

Gigi Hadid က သူမကိုယ်ဝန်လွယ်ထား ရကြောင်းကို ဧပြီလကုန်ကမှ တရားဝင်ထုတ်ပြောခဲ့တာပါ။

Zayn ဟာ One Direction အဖွဲ့ထဲမှာ တတိယ မြောက် ကလေးအဖေဖြစ်လာသူဖြစ်ပြီး Louis Tomlinson နဲ့ Liam တို့ကတော့ သူ့ထက်အရင်ဖခင်နေရာကို ရောက်နေကြသူတွေဖြစ်ပါတယ်။


#သွေးလေး
#ပိုင်ဆိုင်ခွင့်
#သမီးလေး
#ဖြတ်သန်းခွင့်
#နာမည်ကြီး

Some text some message..