
yaw ywat
ရော်ရွက်နဲ့ ရာဝနတို့ကတော့ ဂီတလမ်းကြောင်းပေါ်ကို အတူတူတက်လှမ်းလာကြတဲ့ဂီတညီအစ်ကိုတွေဖြစ်တဲ့အပြင် အပြင်မှာလည်း အမြဲတတွဲတွဲတွေ့မြင်နေရသူတွေပါ။ သီချင်းအသစ်လေးတွေနဲ့ မယုံကြည်နိုင်လောက်အောင် ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့သူတွေဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်အချိန်တိုအတွင်း ရောက်ရှိလာသူတွေလို့ ဆိုရမှာပါ။
ဒီနေ့စက်တင်ဘာ(၂၅) ရက်နေ့လေးကတော့ ရာဝနရဲ့အသက်(၂၈) နှစ်ပြည့်မွေးနေ့လေးပါ။ သူ့ရဲ့ဒီနေ့ကျရောက်တဲ့မွေးနေ့လေးမှာတော့ ရော်ရွက်က မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ” Happy Birthday ပါညီကို.. ဒီထက်မက အောင်မြင်တဲ့အဆိုတော်ကြီးဖြစ်ပါစေ.. ချစ်ရတဲ့မိသားစုတွေ၊ကောင်မလေးတွေနဲ့လည်း အမြဲပျော်ရွှင်နိုင်ပါစေ.. သိပ်လှတဲ့နံနက်ခင်းတွေ ရောက်လာတော့မယ်.. အဲ့အချိန် နေလုံးကြီးထွက်တာကို Coffee လေးသောက်ရင်း မင်းပြုံးနေရင် ငါ့ကို သတိရပါ.. ငါတို့အတူတူ ဖြတ်ကျော်ခဲ့တဲ့ အရာရာတိုင်းအတွက် ဘေးမှာအရိပ်လိုရှိနေပေးခဲ့လို့လည်း ကျေးဇူးပါကွာ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
ဝေဖန်တိုက်ခိုက်ခံရချိန်မှာလည်း အတူတူ၊ အောင်မြင်ချိန်မှာလည်း အတူတူရှိနေပေးတဲ့ ရာဝနအတွက် ရော်ရွက်ကတော့ ကျေးဇူးတင်စကားဆိုရင်း မွေးနေ့ဆုတောင်းပေးခဲ့တာပါ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ရဝြနရဲ့အသက်(၂၈) နှစ်ပြည့်မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။
Source – Yaw Ywat, Yar Wana
Rainbow- Cele Gabar

pyay ti oo
မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ဦးကတော့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ကာ ပညာထူးချွန်ပေမယ့် ငွေကြေးမတတ်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို နှစ်စဉ်လှူဒါန်းပေးလျက်ရှိသူတွေပါ။ ဒီတစ်ခေါက်မှာလည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
ကိုဗစ်ရောဂါကာကွယ်ကုသရေးစင်တာတစ်ခုဖြစ်တဲ့ ဧရာဝတီစင်တာမှာ ပြေတီဦး+အိန္ဒြာကျော်ဇင် မိသားစုမှ အလှူငွေသိန်း(၂၀) အပြင် ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ(၁၀)သိန်း စုစုပေါင်းသိန်း(၃၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်။ ပြေတီဦးကတော့ ဒီအလှူလေးကိုမျှဝေဖော်ပြရင်း ကျန်းမာရေးဝန်ထမ်းများနဲ့တကွ ရောဂါခံစားနေရသူများ၊(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်ပြီး ရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာကျော်လွှားနိုင်ကြစေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
အခုလို တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကို မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ကုသရေးလုပ်နေချိန်မှာ အစိုးရထောက်ပံ့မှုတွေသာမက ပြည်သူချစ်အနုပညာရှင်တွေကိုယ်တိုင် ရှေ့ကဦးဆောင်လှူဒါန်းပေးနေတာကတော့ တကယ်ကို စိတ်ချမ်းသာစရာပဲမဟုတ်လား ပရိသတ်ကြီးရေ..
Source – Pyay Ti Oo
Rainbow- Cele Gabar